မောင်တောတွင် သေဆုံးနေသည့်ကျွဲ/နွားအကောင် ၅၀ ပါ ဘုတ်တစ်စီး ကမ်းတင်နေ

မောင်တောတွင် သေဆုံးနေသည့်ကျွဲ/နွားအကောင် ၅၀ ပါ ဘုတ်တစ်စီး ကမ်းတင်နေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကမ်းခြေတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က ကျွဲ/နွားအကောင်ရေ ၅၀ ပါဝင်သည့် ဘုတ်တစ်စီးအား ကမ်းကပ်လျက်တွေ့ရှိရကြောင်း သိရသည်။

၎င်းဘုတ်အတွင်းပါဝင်သည့် ကျွဲ/နွားအကောင် ၅၀ လုံးမှာ ကြိုးများဖြင့်ချည်နှောင်လျက် ပုပ်ပွသေဆုံးနေပြီး ဘုတ်တွင်လူတစ်ဦးတစ်ယောက်မှ ပါလာခြင်းမရှိကြောင်း ကျောက်ပန်းဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ဆိုသည်။

“အခု ကျွဲ/နွားတွေကိုမြေမြုပ်ဖို့တောင် အခက်အခဲ့တွေ့နေရပါတယ်” ဟု ဦးမောင်ဘုက ပြောသည်။

မောင်တောဒေသအတွင်းတွင် တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ကျွဲ/နွားတင်ပို့မှုများကို မကြာခဏ ဖမ်းဆီးရရှိမှုများရှိနေပြီး ယခုတွေ့ရှိသည့် ကျွဲ/နွားအသေများနှင့် ဘုတ်မှာလည်း တရားမဝင် ကုန်သွယ်မှုသာ ဖြစ်မည်ဟု သုံးသပ်ပြောဆိုကြသည်။

ယခုနှစ်အတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် နွားကောင်ရေ ၁၀၀ ခန့်တင်ပို့ရန်စီစဉ်ထားပြီး သြဂုတ်လ ၁၁ ရက်နေ့က နွားကောင်ရေ ၂၅ ကောင်ကို ပထမအသုတ်အဖြစ် တင်ပို့ခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...