ထိုင်းနိုင်ငံ တွင် သေဒဏ်ချခံရသည့် ဝင်းနှင့်ဇော် ထိုင်းဘုရင်ထံ အယူခံဝင်နိုင်ရန် ကြိုးစားနေ

ထိုင်းနိုင်ငံ တွင် သေဒဏ်ချခံရသည့် ဝင်းနှင့်ဇော် ထိုင်းဘုရင်ထံ အယူခံဝင်နိုင်ရန် ကြိုးစားနေ

ထိုင်းနိုင်ငံ လိပ်ကျွန်း(Koh Tho၊ ကော်တောဝ်) လူသတ်မှုကြောင့် သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးအား ဗိုလ်ချုပ်ကြီး မြထွန်းဦးက သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

သေဒဏ်ချခံနေရသည့် မြန်မာအလုပ်သမား ၂ဦး ဖြစ်သည့် ဝင်းဇော်ထွန်း နှင့်ဇော်လင်း ကို မြန်မာ တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး က စက်တင်ဘာလ ၂ ရက် နေ့လည် ၂ နာရီက ထိုင်းနိုင်ငံ ဘန်ခွမ် ဗဟိုအကျဉ်းထောင် သို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ထုတ်ပြန်ထားသည်။

အကျဉ်းချနေသည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်မှု ရှိကြောင်းနှင့် အကျဉ်းထောင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာ လိုက်နာနေထိုင်ကြောင်း လည်း ဖော်ပြထားသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဦး ကိစ္စနှင့် ပတ်သတ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အယူခံဝင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယမန်နေ့တွင် လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ကျန်အိုချာနှင့် တွေ့ဆုံခဲ့စဉ်တွင် သေဒဏ်ချမှတ်ခံရသည် ရွှေ့ပြောင်းအလုပ်သမား ၂ဦးကိစ္စ ပါထည့်သွင်း ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သည် ထိုင်းနိုင်ငံ လိပ်ကျွန်း(Koh Tho) တွင် ၂၀၁၄ ခုနှစ် စက်တင် ဘာ အတွင်း ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ကျူးလွန်သူများဟု စွပ်စွဲခံရပြီး ထောင်ချတရားစွဲဆိုရာ သြဂုတ်လ ၂၉ ရက် ၂၀၁၉ က ထိုင်းနိုင်ငံဗဟိုတရားရုံးမှ ၄င်းတို့အား သေဒဏ်ချမှတ်စီရင်ထားပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...