ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထဲမှ ANP ကိုယ်စားလှယ်နှစ်ဦး နှုတ်ထွက်စာတင်

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထဲမှ ANP ကိုယ်စားလှယ်နှစ်ဦး နှုတ်ထွက်စာတင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်များထဲမှ ရခိုင်အမျိုးသားပါတီ(ANP)၏ ကိုယ်စားလှယ်နှစ်ဦးနှုတ်ထွက်ရန် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ၎င်းကော်မတီဥက္ကဋ္ဌထံ စာတင် ခဲ့ကြောင်းသိရသည်။

နှုတ်ထွက်စာတင်ခဲ့သူနှစ်ဦးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့ဖြစ်ကြသည်။

ကော်မတီဝင် ၄၅ ဦးပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြုချက်များ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အနိုင်ရအင်အားကြီးပါတီတစ်ခု၏ သဘောထားအဆိုပြုချက် များကိုသာ မဲအသာစီးဖြင့် အတည်ပြုဆုံးဖြတ်သည့် စနစ်ဖြစ်နေသဖြင့် ရခိုင်အမျိုးသားပါတီနှင့် အခြားတိုင်းရင်းသားပါတီများ ပြင်ဆင်လိုသောအချက်များမှာ အတည်ပြုဆုံးဖြတ်ခြင်း မရရှိနိုင်ကြောင်း ANP ပါတီက ဆိုသည်။

ထို့ကြောင့် ANP ပါတီ၏ ဗဟိုကော်မတီဝင် အစည်းအဝေးဆုံးဖြတ်ချက်အရ ကော်မတီဝင်နှစ်ဦးအား နှုတ်ထွက်စာတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ချက်ကြီးထွက်လာမယ်ဆိုရင် ရခိုင်အပါအဝင် တခြားတိုင်းရင်းသားပါတီတွေရဲ့ လိုအင်ဆန္ဒတွေဟာ ဒီ ၄၅ ဦးကော်မတီဝင်တွေ မဲပေးပုံစနစ်အရပဲ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူး ဆိုတာကို လက်တွေ့သိလာရတယ်။ အဲဒီတော့ ကိုယ့်ရဲ့အဆိုပြုချက်တွေ လိုအပ်ချက်တွေကို ဒီမဲအသာစီးရတဲ့ အဖွဲ့ကမကြိုက်ရင်၊ မလိုလားရင် ဒီအဖွဲ့မှာပါဝင်နေခြင်းအားဖြင့် ကျွန်မတို့လိုချင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အနေအထား ဖော်ဆောင်ပေးနိုင်ခြင်းမရှိတဲ့အတွက် အဲဒီကော်မတီမှာ ဆက်လက်မပါဝင်တော့ဘူးဆိုပြီး ရုပ်သိမ်းလိုက်တာ။ နှုတ်ထွက်စာတင်လိုက်တာ” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်မည့် အချက်ပေါင်း ၃၇၆၆ ချက်ပါရှိသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ထိုအချက်များထဲတွင် ANP ပါတီမှ အချက် ၈၅၈ ချက်ကို ပြင်ဆင်ရန် တင်သွင်းထားခြင်းဖြစ်သည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း NLD ပါတီဝင်ဟောင်းအမတ်ဖြစ်သည့် ဦးစိန်ဝင်းမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နှုတ်ထွက်ခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီတွင် NLD ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၈)ဦး၊ တခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့ပါဝင်ပြီး လက်ရှိတွင် နှုတ်ထွက်စာတင်ထားသူ ၃ ဦးရှိသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် လက်ရှိတည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား မဖြစ်မနေပြင်ဆင်မည်ဟူသော ခံယူချက်ဖြင့် ရပ်တည်လျက်ရှိကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...