တပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင်သွားသည့် မြောက်ဦးမြို့နယ်မှ လယ်သမားနှစ်ဦး ပြန်လွတ်လာ

တပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင်သွားသည့် မြောက်ဦးမြို့နယ်မှ လယ်သမားနှစ်ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာမှ လယ်သမားနှစ်ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးကို ယင်းနေ့ ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းနေ့က ရွာဟောင်းတောကျေးရွာအနီး မကျားတောင်ခြေတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် အနီး အနားရှိ လယ်ကွင်းတွင် ကောက်စိုက်ပြီး ရွာသို့ပြန်လာသည့် ဦးထွန်းကျော်သိန်း ၄၆ နှစ်နှင့် ဦးစံအောင်သိန်း ၄၅ နှစ်တို့နှစ်ဦးကို တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ ပြောသည်။

အဆိုပါ လယ်သမားနှစ်ဦးကို တပ်မ ၃၃ နှင့် ၅၅ တို့မှဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှပြောဆိုပြီး ၎င်းတပ်မတော်စစ်ကြောင်းသွားရာသို့ မိသားစုမှလိုက်ပါသွားခဲ့ရာမှ ပြန်လွတ်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာသူ ဦးထွန်းကျော်သိန်းက ၎င်းတို့ကိုတပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင် သွားပြီး စစ်ကြောင်းနှင့်အတူ တောင်ပေါ်သို့တက်ခဲ့ရကြောင်း ပြောသည်။

“သူတို့ခေါ်ဆောင်သွားပြီးတော့ သူတို့နဲ့အတူ တောင်တွေကိုတက်ခိုင်းတယ်။ မကျားတောင်ကိုရောက်တော့ ကျွန်တော့်လည်ဂုတ်ကို ရိုက်တယ်။ သေနတ်ပေါင်တွေနဲ့ ရင်ဘတ်ကိုထုတယ်။ သုံးချက်ရိုက်တာ။ ကျွန်တော့ ရဲ့ယောက်ဖဖြစ်သူမှာဆို ၄၊ ၅ ချက်လောက်တောင် အရိုက်ခံခဲ့ရတယ်။ မိုင်းခွဲတဲ့အကြောင်းကို မေးတယ်။ ဘယ်သူ ခွဲတာလဲဆိုတော့ ကျွန်တော်မသိဘူးလို့ဖြေတယ်။ သိမှမသိတာ” ဟု ဦးထွန်းကျော်သိန်းကဆိုသည်။

တပ်မတော်သားများအနေဖြင့် အရပ်သားများကို အပြစ်မရှိဘဲ ခေါ်ဆောင်သွားခြင်းများမပြုလုပ်ရန်လည်း ၎င်းက တောင်းဆိုသည်။

“တပ်မတော်သားတွေအနေနဲ့ အရပ်သားတွေကို အခုလို မခေါ်သွားစေချင်ပါ။ စစ်ကြောင်းက စစ်ကြောင်းလို သွားပြီးတော့ ပြည်သူတွေ အလုပ်လုပ်နေတာကို မခေါ်စေချင်ပါ။ အနှောင့်ယှက် မပေးစေချင်ပါ ” ဟု ၎င်းက ပြောသည်။

အဆိုပါ လယ်သမားနှစ်ဦးကို တပ်မတော်သားများမှခေါ်ဆောင်သွားခြင်းမရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားမှုများရှိသည့်နေရာများတွင် တပ်မတော်မှ ဒေသခံများကို သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိနေပြီး ယင်းသို့ခေါ်ဆောင်ခံရရာတွင် ပြန်လည်လွတ်မြောက် လာသူများလည်းရှိသလို ပြန်မလွှတ်ဘဲ ဖမ်းဆီးခံရသူများလည်းရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...