မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရတို့တွေ့ဆုံပွဲတွင် တိုက်ပွဲများရပ်တန့်ရေးကိစ္စကို ဆက်လက်ဆွေးနွေးရန် သဘောတူ

မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရတို့တွေ့ဆုံပွဲတွင် တိုက်ပွဲများရပ်တန့်ရေးကိစ္စကို ဆက်လက်ဆွေးနွေးရန် သဘောတူ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်ရေးကိစ္စကို တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြောက်ပိုင်း ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)၊ ပလောင်(တအာန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့် တပ်တော် (AA)တို့သည် သြဂုတ်လ ၃၁ ရက်တွင် ရှမ်းပြည်နယ်ကျိုင်းတုံမြို့၌ NRPC ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယနေ့ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲများမဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည် ဆိုသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ရယူရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့ကြောင့် နောက်ထပ်တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာလ (၁၆)(၁၇) ရက်နေ့တွင် ပြုလုပ်ကြရန် သဘော တူညီမူရရှိခဲ့သော်လည်း တွေ့ဆုံမည်နေရာကို သတ်မှတ်နိုင်ခြင်းမရှိခဲ့ပေ။

မြောက်ပိုင်းအဖွဲ့များက ပန်ဆန်းနှင့် တရုတ်နိုင်ငံတွင်း တစ်နေရာအားအဆိုပြုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“နောက်တစ်ကြိမ်မှာ တပ်မတော်ကိုယ်စားလှယ်တွေပါဝင်စေချင်တယ်လို့ အဆိုပြုတာကို ကျနော်တို့က အသိ အမှတ်ပြုတယ်။ အဲဒီတော့ တပ်မတော်ကိုယ်စားလှယ်တွေ သွားလာရေးအဆင်မယ့်နေရာက ကျိုင်းတုံလို့ အကြုံပြုခဲ့တယ်။ နေရာကို ညှိရမှာဖြစ်တယ်”ဟု ဦးဇော်ဌေးကပြောသည်။

ထို့အပြင် Bilateral လက်မှတ်ရေးထိုးပြီးသည့်နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းသွားရန်လည်း သဘောတူညီခဲ့ကြောင်း ထုတ်ပြန်သည်။

“နောက်လာမယ့် Bilateral ကျရင်တော့ မူအားဖြင့် သဘောတူညီချက်ယူမယ်။ အသေးစိတ်ကိုတော့ ဆက်ဆွေးနွေးမှာဖြစ်တယ်” ဟု ဦးဇော်ဌေးကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲ၌ မြောက်ပိုင်း ၄ ဖွဲ့၏ ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းအား NRPC သို့ ပေးခဲ့ကြောင်း AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“တိုက်ပွဲလျော့ကျမယ်ဆိုတဲ့ဟာမျိုးကတော့ နှစ်ဦးနှစ်ဖက်လုံးအပေါ်မှာ မူတည်တယ်။ ကျနော်တို့ဘက်ကပဲ သပ်သပ်ကြီးလျော့လို့မရဘူး။ မြန်မာ့တပ်မတော်ဘက်ကလည်း လက်ရှိအနေအထားအရ မြေပြင်မှာ ရောက်နေတဲ့လူတွေအပေါ်မှာလည်း မူတည်တယ်။

သူတို့ကိုအမိန့်ပေးတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ အပေါ်မှာလည်း အများကြီးမူတည်ပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ဆွေးနွေးပွဲအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယနေ့တွေ့ဆုံရာတွင် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး ပဏာမအပစ်ခတ်ရပ်စဲရေး စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရေးကိုဦးတည်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...