ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတွင် ကျည်ထိမှန်

ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတွင် ကျည်ထိမှန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦး သြဂုတ်လ ၃၁ ရက်နေ့တွင် ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

၎င်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများလည်းမရှိဘဲ နေအိမ်အတွင်းရှိနေသည့် မခါစိန်နာ ၃၈ နှစ်နှင့် မောင်ယာဆိပ်အာရဖပ် ၁၄ နှစ်တို့တွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“မနေ့က နေလည်ပိုင်းမှာကျည်ထိမှန်တာပါ။ ဘယ့်ဘက်က ပစ်တာလဲမသိဘူး၊ နေအိမ်ကို ဖောက်ပြီး ဝင်လာတာပါ။ နောက်လူငယ်တစ်ဦးလည်း ထိမှန်သွားပါသေးတယ်။ ကျနော့်သမီးကိုတော့ မောင်တော ဆေးရုံသို့ယူလာခဲ့ပါတယ်” ဟု မခါစိန်နာ၏ ဖခင် ဦးနုန်မာမောက်ကဆိုသည်။

မခါစိန်နာတွင် ညာဖက်ရင်ဘတ်၌ကျည်ထိမှန်ခဲ့ပြီး မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေရကာ မောင်ယာဆိပ်အာရဖပ်တွင် ကျောကုန်း၌ကျည်ထိမှန်သွားခဲ့ပြီး ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယခုကျည်ထိမှန်ခဲ့သည့် ထိပ်တူးပေါက်ကျေးရွာအနီးရှိ တောင်များတွင် တပ်မတော်မှတပ်စွဲထားမှုများရှိကြောင်း ဒေသခံ ကျေးရွာသားများက ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့ကလည်း ထိပ်တူးပေါက်ကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦး ငါးရှာသွားစဉ် သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

ထို့ပြင် သြဂုတ်လ ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မွတ်ဆလင်အမျိုးသမီးနှစ်ဦးဖြစ်သည့် မရော်တာဘေကင် ၂၀ နှစ်နှင့် မလိုင်လာဘေကွင် ၁၈ နှစ်တို့တွင် ကျည်စထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...