ရန်ကုန်-စစ်တွေကားလမ်းပိုင်းတချို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ စိုးရိမ်နေ

ရန်ကုန်-စစ်တွေကားလမ်းပိုင်းတချို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ စိုးရိမ်နေ

ရန်ကုန်-စစ်တွေကားလမ်းပိုင်း ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ကြားတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်တို့တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်တင်ယာဉ်လိုင်းများ စိုးရိမ်နေကြသည်။

ယခုရက်ပိုင်းအတွင်း ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီးနှင့် မြောက်ဦးမြို့နယ် လင်းမြွေတောင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကားလမ်းများကို ပိတ်ထားခဲ့ကြရသည်။

လက်ရှိအချိန်တွင် အဆိုပါကားလမ်းပိုင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုရှိနေသော်လည်း ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့်စိုးရိမ်စိတ်ဖြင့် ပြေးဆွဲနေကြရကြောင်း ရွှေမန်းရတနာယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ ကိုကျော်နိုင်ကပြောသည်။

“ကျွန်တော်တို့ကအရင်တုန်းကဆိုရင် လွတ်လွတ်လပ်လပ်မောင်းရဲတယ်။ အခုကျတော့ သူတို့ကပစ်ခတ်မှုနဲ့ဆို တော့ ကိုယ်တွေကလည်းသိပ်မမောင်းရဲဘူး။ အရင်တုန်းကလို လွတ်လွတ်လပ်လပ်မမောင်းရဲဘူး။ ဘယ်နားမှာ ဗုံးရှိမလဲ၊ ဘယ်နားမှာဘာဖြစ်မလဲ စိုးရိမ်စိတ်နဲ့မောင်းနေရတာပေါ့။ ခရီးသည်တွေကတော့ ကိုယ်တွေကသတိထားပြီး မောင်းရတာပေါ့။ ကိုယ်တွေက ဖုန်းလှမ်းဆက်ပြီးတော့ အခြေနေကောင်းတယ်ဆိုမှသွားရတာပေါ့”ဟုပြောသည်။

ယင်းအပြင် ကားလမ်းများမှာ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ခရီးသည်များမှာလည်း စိုးရိမ်စိတ်များရှိနေကြသည်။

တိုက်ပွဲများကြောင့် ယာဉ်လိုင်းများမှာလည်း ခရီးသည် စီးနင်းမှုနည်းပါးလာကြောင်းလည်း ရွှေမန်းရတနာယာဉ်လိုင်းမှ တာဝန်ခံ ဦးဘအေးကဆိုသည်။

“အလုပ်လုပ်မလုပ်ဆိုတာက အဲ့လိုပုံသေကြီးတော့ပြောလို့မရဘူးပေါ့နော်။တခါတလေ ခဏရပ်ဆိုင်းရတာတို့ တိုက်ပွဲဖြစ်လို့ အဲလိုဆိုရင် ခဏရပ်ဆိုင်းရတာတွေရှိတယ်။ ယဉ်မောင်းနဲ့အကိုတို့နဲ့ အဆက်သွယ်ရှိတာပေါ့။ အဲ့မှာခဏရပ်ထားရတယ်။ နာရီဝက် တစ်နာရီ။ တစ်ခါတလေတွေဆိုလို့ရှိရင် နှစ်နာရီ အဲ့လိုမျိုးတွေပေါ့။ ပြီးတော့မှ ပြန်သွားအဲလိုတွေပေါ့။”ဟုလည်းပြောသည်။

ယာဉ်လိုင်းတစ်ချို့မှာ ရန်ကုန်-စစ်တွေခရီးစဉ်များကို ပုံမှန်ပြေးဆွဲနေကြသော်လည်း စစ်တွေ-ကျောက်တော်-မြောက်ဦးခရီးသည်တင်ယာဉ်တစ်ချို့မှာ ရပ်နားထားမှုများရှိနေသည်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများပိုမိုပြင်းထန်လာပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း များပြားလာနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...