စစ်တွေသုဿာန်ဟောင်းမြေနေရာတွင် နေထိုင်သူတချို့ကို ယခုလတွင်းဖယ်ရှားမည်

စစ်တွေသုဿာန်ဟောင်းမြေနေရာတွင် နေထိုင်သူတချို့ကို ယခုလတွင်းဖယ်ရှားမည်

စစ်တွေမြို့၊စက်ရုံစုရပ်ကွက်ရှိ သုဿာန်ဟောင်းမြေနေရာ၌ နေထိုင်သူများကို သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက အကြောင်း ကြားထားသည်။

အဆိုပါနေရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး ဆောက်လုပ်မည်ဖြစ်သဖြင့်   ပြီးခဲ့သည့် သြဂုတ်လ (၇)ကစတင်ပြီး  နေအိမ် (၁၈)လုံးကို ဖယ်ရှားပေးရန် အကြောင်းကြားခဲ့သော်လည်း ဖယ်ရှားသူမရှိသဖြင့် ထပ်မံအကြောင်းကြားခြင်းဖြစ်ကြောင်း ယင်းနေရာတွင်နေထိုင်သူ  ဒေါ်သန်းသန်းနုကပြောသည်။  

“ဒီမှာ ရုံးဆောက်မယ် ဖယ်ပေးလို့ စာလာပါတယ် စာပေးပါတယ်။ စာပေးတော့ အဒေါ်တို့က ဘယ်လိုလုပ်မှာတုန်း။ ငါတို့က အိမ်လည်း ငှားမနေနိုင်ဘူးပေါ့နော်။ ဒီနားမှာ မရှိလို့ နေကြတာ သင်္ချိုင်းမြေမှာ နေတာပဲ။ နေလို့ရမယ်ထင်လို့ နေကြတာ။ အခုကျတော့ နှင်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ စိတ်ပူကြတာပေါ့နော်။ အခု ဆယ်ရက်အတွင်း ဖယ်ပေးဆိုတော့ ကိုးရက်နေ့က ရောက်တာပေါ့နော်စာလေ။ ကိုးရက်နေ့က ရောက်ရင် ၁၉ ရက်နေ့ကကျတော့ နောက်တစ်ခေါက် စာရောက်ပါတယ်။ စာရောက်တာ၂၇ ရက်နေ့ ဖယ်ပေးရမယ်တဲ့။ အဒေါ်တို့ ပထမ နေတုန်းက မြက်တွေတောတွေပေ့ါနော် အဲတာတွေကို ရှင်းပြီးတော့ အဒေါ်တို့ မရှိတဲ့လူတွေ စုပြီးနေကြတာ အဲဒီတုန်းက ရုံးဆောက်မယ် မြေမကျုးကျော်ရ အဲဒီလိုလည်း ရေးလို့မရှိဘူး” ဟုပြောသည်။

ယခုလို နေအိမ်များကို ဖယ်ရှားပေးရမည်ဆိုလျင် အခက်အခဲများ ရှိလာမည်ဖြစ်သဖြင့် အစိုးရနေနဲ့ စဉ်းစားပေးရန်လည်း ယင်နေရာ၌နေထိုင်သူ ဒေါ်စိန်နုကဆိုသည်။

“ကျမတို့ ဒီမိုးတွေ မကုန်ဘဲနဲ့ ဘယ်မှာ သွားနေရမှာလဲ နေရာလည်းမရှိ။ အိမ်လည်းမရှိ။ တစ်ခုမှ မသွားချင်ဘူး။ ဒီနေရာမှာပဲ နေချင်တယ်။ အစိုးရ ဘာပြောမှာလဲပြော ကျမတို့ အစိုးရကိုလည်း တောင်းဆိုချင်တယ်။ အစိုးရက ဒုက္ခသည်တွေကို နေရာပေးထားတယ်မဟုတ်လား နေရာတိုင်းမှာ ရွာပေးထားတယ်မဟုတ်လား။ ကျမတို့ ဒီနေရာမှာ ဒုက္ခအဖုံဖုံနဲ့ ရောက်လာတာဆိုတော့ ဒီနေရာမှာပဲ နေချင်တယ်။ ကျမတို့ တောတောင်တွေမှာ မလုပ်စားရဲလို့ ဒီနေရာမှာ ပန်းတွေရောင်းလို့ ဟင်းတွေရောင်းလို့ အဲဒီလို စားသောက်နေရတယ်”ဟု ဆိုသည်။

 ယင်းနေရာ၌ နေထိုသူများမှာ လွန်ခဲ့သော ၄ နှစ်ခန့်က ပေါက်တော၊ ရသေ့တောင်စသည့် မြို့နယ်များမှ လက်လုပ်လက်စားများဖြစ်ပြီး အလုပ်အကိုင်ရှားပါးမှုနှင့် ပဋိပက္ခများကြောင့် ရွေ့ပြောင်းလာခဲ့ကြသူများ ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...