KIO ခေါင်းဆောင်၏ အထူး ‘ကျေးဇူးတော်ချီးမွမ်း’ ဆုတောင်းပွဲ လိုင်ဇာမှာ ပြုလုပ်

KIO ခေါင်းဆောင်၏ အထူး ‘ကျေးဇူးတော်ချီးမွမ်း’ ဆုတောင်းပွဲ လိုင်ဇာမှာ ပြုလုပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Nban La မိသားစု၏ အထူး ‘ကျေးဇူးတော်ချီးမွမ်း’ ဆုတောင်းပွဲကို သြဂုတ်လ ၄ ရက် တနင်္ဂနွေနေ့က မြန်မာပြည်မြောက်ပိုင်း KIO ထိန်းချုပ်သော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။

၎င်း၏ လိုင်ဇာ နေအိမ်ဆုတောင်းခြင်းအစီစဉ်တွင် “KIO ဗဟိုကော်မတီ ဥက္ကဌ၏ အသက် (၇၃)နှစ်ပြည့် မွေးနေ့၊ တော်လှန်ရေးလုပ်သက် (၅၅)နှစ်ပြည့် နှင့် အိမ်ထောင်သက် (၄၅)နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းခြင်းဖြစ်ကြောင်း” ဆုတောင်းပွဲဦးဆောင်သော လိုင်ဇာမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အသင်းတော် က သင်းအုပ်ဆရာ Rev. Lahpai Shing Rip ပြောပါသည်။

ဗိုလ်ချုပ်ကြီး Nban La မိသားစု၏ ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲသို့ လိုင်ဇာမြို့ ခံများ နှင့် KIO မိသားစုများ အပြင် လိုင်ဇာပြင်ပမှ အထူးဖိတ်ကြားသော ဆွေမျိုး၊ ဧသည်တော်များလည်း ပါဝင်ခဲ့သည်ဟု သင်းအုပ်ဆရာက ဆိုပါသည်။

ဗိုလ်ချုပ်ကြီး Nban La သည် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ဥက္ကဌ တာဝန်ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ထိ ထမ်းဆောင်းခဲ့သည်။

၎င်းနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် KIO ဗဟိုကော်မတီ ဥက္ကဌ ဖြစ်လာချင်း ဗိုလ်ချုပ်ကြီး Nban La က မြန်မာစစ်တပ်နှင့် နှစ်ဖက်အပစ်ခတ်ရပ်စဲရေး (bilateral ceasefire) ပြုလုပ်နိုင်ရန် အစပြု တင်ပြညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...