ချီဖွေမြို့အနီး ကျောက်ခွဲစက်ရုံကြောင့် ဒေသခံများ နေထိုင်ရခက်ခဲ

ချီဖွေမြို့အနီး ကျောက်ခွဲစက်ရုံကြောင့် ဒေသခံများ နေထိုင်ရခက်ခဲ

ချီဖွေမြို့ ရစ်လော်ရပ်ကွက်အတွင်း ကျောက်ခွဲစက်ရုံဖွင့်လှစ်ထားခြင်းကြောင့် ချီဖွေမြို့နေ ပြည်သူများ နေထိုင်ရခက်ခဲသည့် ဒုက္ခကြုံတွေ့နေရကြောင်း သိရသည်။

ယင်းကျောက်ခွဲစက်ရုံမှ ထွက်သည့် အမှုန့်များနှင့် ဆူညံသံများကြောင့် ချီဖွေဒေသခံ အမျိူးသမီးများ နှင့် ကလေးငယ်များ အသက်ရှူကျပ်ခြင်း၊ အိပ်မပျော်ခြင်းများဖြစ်နေကြောင်း ဒေသခံတစ်ဦး ပြောသည်။

“ကျနော်တို့ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အစိုးရကခွင့်မပြုဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး လုပ်ထား ဒါလို့ပြောတယ်။ မေခမြစ်က ကျောက်ရွှေတွေကိုခွဲတာ။ ကျောက်သေးတွေကိုက ဘက်ဟိုးနဲ့ ကော်ပြီး ပုံထားတယ်။ ခွဲဖို့ခက်တဲ့ ကျောက်ကြီးတွေကို ဟိုက်ဒေါလစ်ဆိုတဲ့ ဟာမျိုးနဲ့ခွဲတော့ သေနတ်ပစ်နေတဲ့ အတိုင်းပဲ ဆူညံနေတာ။ ကျနော်တို့နေလို့တောင်မရဘူး။ ကျနော်နေတဲ့အိမ်နဲ့က ပေ ၁၀၀ ကျော်တော့ ဝေးတယ်။” ဟု ချီဖွေ ဒေသခံ ဦးဟန်းဂေါင်းဇောင်းဒေါင် က KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကျောက်ခွဲစက်ရုံပိတ်ပင်တားဆီးပေးရန် စက်ရုံအနီးတွင်နေထိုင်သည့် ချီဖွေဒေသခံ ၁၀၀ ကျော်က ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်လက်မှတ် စာတင်သွားမည်ဖြစ်ကြောင်း ပြောပါသည်။

ယခင်က ချီဖွေဒေသခံများ မေခမြစ်မှ မျှောလာသည့် ထင်းချောင်းများ ဆယ်ယူအသုံးပြုခဲ့ကြရပြီး ယခု ကျောက်ခွဲစက်ရုံရှိနေသည့် ကာလမှ လမ်းပိတ်လိုက်ခြင်းကြောင့် အခက်အခဲရှိနေကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ အား KNG က ချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ပါ။

ယင်း ကျောက်ခွဲစက်ရုံကြောင့် ယခုလိုဖြစ်ပျက်နေမှု၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရပါသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...