ကလေး ၅ဦးဖခင် ဖားကန့်-ကားမိုင်း လယ်သွားလမ်းမှာ ပျောက်ဆုံး

ကလေး ၅ဦးဖခင် ဖားကန့်-ကားမိုင်း လယ်သွားလမ်းမှာ ပျောက်ဆုံး

လယ်သွားလမ်းတွင် ပျောက်ဆုံးသွားသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ကလေး (၅)ဦးဖခင် Hpaujung La Seng သည် သြဂုတ် ၄ရက် စနေနေ့ထိ ၃ရက်တိုင် သတင်း အစအနမသိရဘဲ ပျောက်ဆုံး နေဆဲဖြစ်သည်။

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (၃)တွင်နေထိုင်သော Hpungjung La Seng (ဦးဖောင်ဂျုံလဆိုင်း) သည် ကားမိုင်း–မအူပင် ရေကာတာကျေးရွာမှ မိမိလယ်တောသို့သွားရာလမ်းတွင် ပျောက်ဆုံးသွားသည်ဟု မိသားစုမှ ဆိုပါသည်။

“ကျနော့်အဖေက ဗုဒ္ဓဟူးနေ့ ညနေပိုင်းပျောက်သွားတယ်။ ဒီကနေ့ဆိုရင် ၄ရက်ရှိပြီ။ အခုထိလည်း ဆက်ရှာနေတုန်းဘဲ။ တစ်ခြားအစအနတွေကိုတော့ တွေ့တယ်။ အဖေ့ သူကိုင်သွားတဲ့ ပစ္စည်းတွေ လယ်တောမှာ တွေ့တယ်။ ပြီးရင် သူ့အဝတ်အစားတွေလည်းတွေ့တယ်။ အခုပျောက်နေတာက လူကိုယ်ပဲ ပျောက်နေတယ်” ဟု သားဖြစ်သူ Hpaujung Sut Naw Hpan က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ဖားကန့်မြို့နယ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉)နယ်မြေဖြစ်ပြီး ကားမိုင်း–ဖားကန့်ကားလမ်းမတလျှောက်မြန်မာစစ်တပ်နှင့်ရှမ်းနီပြည်သူ့စစ်စခန်းများကိုချထားပါသည်။

ဦး La Seng ပျောက်ဆုံးနေခြင်းကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကြောင့် ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကြောင့် ဖြစ်စေ အဖြစ်အပျက်မှန်ကို မိသားစုမှ အမြန်သိလိုကြောင်း အားလုံးဝိုင်းဝန်းကူညီပေးကြရန် မိသားစုမှတောင်းဆိုထားပါသည်။

၂၀၁၁ ခုနှစ်မှ မြန်မာအစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား တကြော့ပြန် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ၎င်း၏လယ်ကို ပစ်ထားခဲ့ရပြီး ယခုနှစ်ပြန်လုပ်ရန် ကျိုးစားခြင်းလည်း ဖြစ်သည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...