တရုတ် နယ်စပ်လုံခြံရေး အရာရှိများ လိုင်ဇာမြို့တွင် KIO ခေါင်းဆောင်များနှင့်တွေ့ဆုံ

တရုတ် နယ်စပ်လုံခြံရေး အရာရှိများ လိုင်ဇာမြို့တွင် KIO ခေါင်းဆောင်များနှင့်တွေ့ဆုံ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ နယ်စပ်ကုန်သွယ်ရေး နှင့် နယ်စပ် လုံခြုံရေးဆိုင်ရာ အရာရှိများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သော တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ သြဂုတ်လ (၁)ရက်၊ ယနေ့သွားရောက်ပြီး KIO ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သည်။

လိုင်ဇာမြို့တွင် ယူနန်အစိုးရ အရာရှိများနှင့်ဆွေးနွေးရန်ရှိသော်လည်း မည်သည့်အကြောင်းအရာဖြစ်ကြောင်းကို မသိရသေးကြောင်း လိုင်ဇာမှ အမည်မဖော်လိုသူ KIO အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ဗုဒ္ဓဟူးနေ့က အတည်ပြုပြောပါသည်။

“အခုချိန်ထိ မြန်မာအစိုးရနဲ့ နိုင်ငံရေးပြဿနာ ဘာမှဖြေရှင်းနိုင်ခြင်း မရှိသေးခင် KIO အနေနဲ့ တရုတ်ကို နယ်စပ်လမ်းဖောက်လုပ်ခွင့်ပေးခြင်း၊ စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်း စတာတွေ မလုပ်သင့်ဘူး” ဟု တရုတ်နယ်စပ်တွင်ရောက်ရှိနေသည့် ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ Duwa Bawmwang La Raw က ဆိုပါသည်။

ပြည်ပြအခြေစိုက် KNO အဖွဲ့သည် ကချင်အမျိုးသားများ လွတ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ရန် KIO နှင့် နှစ်ဖက်နားလည်မှု စာချွန်လွှာ MOU ကို ၂၀၁၁ ခုနှစ်က ရေးထိုးခဲ့သည်။

ယခုတွေ့ဆုံမှုတွင် တအောန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိပ်ပိုင်းခေါင်းဆောင်များလည်းပါကြောင်း KIO သတင်းရပ်ကွက်က ဆိုပါသည်။

ပီကင်း ဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ ယခုလို ယူနန်ပြည်နယ်အစိုးရ နယ်စပ်ကုန်သွယ်ရေး နှင့် လုံခြုံရေး ကိုယ်စားလှယ်အဖွဲ့ KIO ထိန်းချုပ်သော တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်လာပြီး KIO ခေါင်းဆောင်များကိုတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ယူနန်အစိုးရ သတင်းများ ဆိုပါသည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...