ရှမ်းမြောက် အစိုးရ တပ်မ(၉၉)ယာဉ်တန်း ကို KIA ထပ်မံ မိုင်းခွဲ တိုက်ခိုက်

ရှမ်းမြောက် အစိုးရ တပ်မ(၉၉)ယာဉ်တန်း ကို KIA ထပ်မံ မိုင်းခွဲ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုဒေသမှတပ်အပြောင်းလဲနှင့်ဆင်းလာသော မြန်မာစစ်တပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဇူလိုင်လ ၂၆၊ သောကြာနေ့ည ထပ်မံ မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မုံးကိုဒေသ KIA တပ်မဟာ (၆) ဆိုပါသည်။

တပ်မ (၉၉) ယာဉ်တန်းကို Pangsai (Kyukok) မြို့အနီး Namba Tek ရွာနား KIA တပ်မဟာ (၆) တပ်ဖွဲ့များ မိုင်း ၁လုံး ဖောက်ခွဲတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ပြောပါသည်။

“ည ၁၀ ခန့်မှာ တပ်အပြောင်းအလဲနဲ့ မုံးကိုဘက်က ဆင်းလာတဲ့ တပ်မ (၉၉) ကို ပန်ဆိုင်း၊ Namba Tek မှာ မိုင်း ၁လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်သား ၁ဦး ဦးခေါင်းမှာ ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည့် တပ်မ (၉၉)တပ်ဖွဲ့သည် Mongkoe (မိုးကိုမြို့) အနီး Mankang (မန်ကန်)ကျေးရွာ နှင့် Manjak (မန်ဂျက်)ကျေးရွာ စခန်းများမှဖြစ်ကြသည်ဟု ဒေသခံများဆိုပါသည်။

လွန်ခဲ့သည့်နှစ်ရက် ဇူလိုင် (၂၄) ရက်နေ့မှာလည်း Namtau-Mungbaw (နမ်တောင်း-မုန်းဘော်) လမ်းကြောင်းမှ မုံးကိုဘက်ကို တပ်အပြောင်းအလဲနှင့်တက်လာသည့် တပ်မတော် ယာဉ်တန်းသည် Kawng Hka ရွာအနီး KIA တပ်ရင်း (၃၆) ၏ မိုင်းဖြင့် ခုခံတိုက်ခိုက်မှု ခံခဲ့ရသည်။ ယင်း တိုက်ခိုက်မှုတွင် စစ်သား (၃)ဦးသေဆုံးပြီး အခြား (၁၆)ဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာစစ်တပ် မုံးကို စစ်ဗျူဟာ သတင်းအရ သိသည်။

Bilateral နှစ်ဖက်အပစ်ခတ်ရပ်စဲရေးကိစ္စ ဇူလိုင် (၂၉) တနင်္လာနေ့ ထပ်မံ တွေ့ဆုံရန် အစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် (ကချင် KIO/KIA၊ ရခိုင် AA၊ တအောန်း (ပလောင်) TNLD၊ ကိုးကန့် MNDAA တပ်ဖွဲ့များ) ကြား သဘောတူထားမှု ရှိခဲ့သော်လည်း အစည်းအဝေးပြုလုပ်မည့် နေရာ သဘောတူညီမှု မရသေးသောကြောင့် ယခုလ မကုန်မီ တွေ့ဆုံနိုင်ဖွယ်မရှိကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် Peace-talk Creation Group အဖွဲ့ မှ ဒူဝါ Lamai Gum Ja စနေနေ့ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...