Published
Wednesday, December 14, 2016
မြန်မာဘာသာ အစီအစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၁၆)
ကယားပြည်နယ်မှာ ကုန်သည်ပွဲစားတွေ ကြားခံတဲ့အတွက် သီးနှံထွက်ကုန်မှာ အကျိုးအမြတ် ရရှိမှုတွေ ပိုမိုလျော့နည်းလာတယ်လို့ တောင်သူတွေက ပြောပါတယ်။
ရခိုုင်ပြည်နယ်မှာတော့ သိမ်းဆည်းခံထားရတဲ့လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် စစ်တွေမြို့မှာ လယ်သမားတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ကရင်ပြည်နယ်မှာတော့ တယ်လီဖုုန်း တာဝါတိုုင်တစ်ခုုရဲ့ တုုန်ခါမှုနဲ့ အသံတွေကြောင့် နေအိမ်အက်ကွဲမှုတွေနဲ့ မိုုးကြိုးစက်ကွင်းသင့်မှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဖယ်ရှားပေးဖိုု့ လိုုလား နေကြပါတယ်။






