ဖားကန့်တွင် ရေမဆေးသမားတစ်ဦး ကျည်ထိ ဒဏ်ရာရဟု ဆို

ဖားကန့်တွင် ရေမဆေးသမားတစ်ဦး ကျည်ထိ ဒဏ်ရာရဟု ဆို

ဖားကန့် လုံးခင်းကျေးရွာအုပ်စု ရွာသစ်နောက်ဘက်တွင် ရေမဆေးသမား တစ်ဦး ကျည်ထိကာ ဒဏ်ရာရရှိမှု ဇွန်လ ၂၀ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

သို့သော် တာဝန်ကျရဲများ၏ ပြောဆိုချက်အရ ကျောက်စထိမှန်ခြင်းသာဖြစ်သည်ဟု ပြောကြောင်း လုံးခင်းအုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ကျနော်တို့ဆီမှာကျတော့ လူနာရောက်တယ်ဆိုတဲ့ သတင်းလောက်ဘဲ လာပြောကြတယ်။ သူတို့အချင်းချင်းဘယ်လိုညှိနိုင်းမှုတွေ လုပ်ကြလဲတော့ မသိဘူး။ မှော်မှာတာဝန်ကျတဲ့ရဲတွေရဲ့ ဆေးစာအရတော့ ကျောက်စထိမှန်ထားတယ်လို့ဘဲ သိရတယ်။ ဖြစ်ပြီးချင်း ဆေးရုံတန်းပို့လိုက်တာဆိုတော့ ရမ်းစိုးရိမ်ရတဲ့အခြေနေတော့ မရှိတော့ပါဘူး။” ဟု အုပ်ချုပ်ရေးမှူး ဦးလှအောင်က ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ရေမဆေးသမားသည် လုံးခင်းကျေးရွာအုပ်စု မလန်ကျေးရွာမှ ဖြစ်ကာ လက်ရှိချိန်တွင် ပြင်ပလူနာအနေဖြစ် ဆေးကုသမူခံယူနေကြောင်း သိရသည်။

“ရဲတွေပြောထားတာကတော့ တစ်သုံးလုံးကုမ္မဏီတွင်းသို့ ရေမဆေးသမားများ အယောက် ၄၀ခန့်က တရားမဝင်နည်းလမ်းများဖြင် လာရောက်တူးခဲ့ကြချိန် ပိသာချိန် ၅၀ ခန့်ရှိ ကျောက်စိမ်းတုံးအား ရရှိကြပြီး ယင်းကျောက်စိမ်းတုံးအား သယ်ထုတ်ရန် ကြိုးစားစဉ် တာဝန်ရှိရဲများမှ သေနတ်ဖြင့်ပစ်ခတ်ခတ် သတိပေးခဲ့သည် ဆိုပြီးပြောထားတယ်။ ဒါပေမယ့် ဒေသခံတွေပြောတာကတော့ ပစ်လိုက်တဲ့ချိန်မှာ ဘယ်ဘက်ခြေထောက်အရိုးမှာတော့ မထိဘူး။ အသားမှာထိပြီးတော့ ပေါက်သွားသဘောရိှတယ်။” ဆိုပြီးဒေသခံတစ်ဦးက ဆိုသည်။

ဖားကန့် ကျောက်စိမ်းမှော်တွင် ရေမဆေးနှင့် တာဝန်ရှိ လုံခြုံရေးရဲများကြား မကြာခဏ ဆိုသလို ယခုကဲ့သိုသော အငြင်းပွားမှု ပြဿနာ ရှိကြသည်။ ကုမ္မဏိၤများမှ ရေမဆေးသမားမျာအား ကျောက်စိမ်းရှာရန် ပုံမှန် ညနေ ၄ နာရီတွင် တရားဝင် ဝင်ခွင့်ပြုထားပြီး ယခုပြဿနာဖြစ်ချိန်သည် နေ့လည် ၁၂ ခွဲချိန်ဖြစ်ကြောင်း သိရသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...