ဖားကန့်တွင် မြေဇာပုံဟောင်း ပြိုကျမှုကြောင့် လူ ၂ ဦးသေ

ဖားကန့်တွင် မြေဇာပုံဟောင်း ပြိုကျမှုကြောင့် လူ ၂ ဦးသေ

ဖားကန့်မြို့ မှော်မော်ကုန်း ကျေးရွာရှိ မြေဇာပုံဟောင်းပြိုကျမူကြောင့် လူ၂ ဦး သေဆုံးသွားကြောင်း ကနဦးသတင်းအရ သိရသည်။

ဇွန်လ ၂၁ ရက်နေ့ ညနေ ၄နာရီချိန်ခန့်တွင် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်နေကြသည့် လူ ၄ဦးအနက် ၂ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

"Jade land တွေရဲ့ လုပ်ကွက်ဟောင်းမှာ ဟုတ်တယ်။ သေတဲ့ သူတွေရဲ့ အလောင်းကတော့ ခုထိရှာလို့ မတွေ့သေးဘူး" ဆိုပြီး ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် နာရေးကူညီထောက်ပံ့ရေးအဖွဲ့များနဲ့ သက်ဆိုင်ရာ အုပ်ချူ ပ်ရေးပိုင်းမှ တာဝန်ရှိသူများ ဘတ်ဖိုးများနှင့် ရှာဖွေမူ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးသူ ၂ဦးမှာ မိုင်းနား(RC)စစ်ရှောင်စခန်းမှ အသက် ၂၄နှစ်အရွယ်ရှိ မခါအောင်လတ်နဲ့ မြစ်ကြီးနား တပ်ကုန်းရပ်ကွက်မှ အသက် ၄၇နှစ် ဦးမရော် ဘရန်တောင် တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များအား ပြည်နယ်အစိုးရမှ ၃ လ ရပ်ဆိုင်းထားခိုင်း ထားသည့်အတွက် ကျောက်စိမ်းကုမ္မဏီအချိူ့ လုပ်ငန်းများ ရပ်နားထားခြင်းဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...