NCA ထိုးအဖွဲ့များကွဲလွဲချက်များညှိုနှိုင်းမည်

NCA ထိုးအဖွဲ့များကွဲလွဲချက်များညှိုနှိုင်းမည်

NCA စာချူပ် အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာစေရန် နှင့် ငြိမ်းချမ်ရေး လုပ်ငန်းစဉ် တစ်စို့နေမှုများ ကျော်လွှာနိုင်ရန် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်ကိုယ်စားလှယ်များ ယနေ့ အစည်းအဝေး စတင်ကျင်းပနေသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်ကြာ ကျင်းပမည့် အစည်းအဝေး နှင့် ပတ်သက်၍ “ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုမှာ ကျနော်တို့ တစ်စို့နေတဲ့ အကြောင်းအရာတွေ ကျော်လွှားနိုင်ဖို့အတွက်ကို ဒီ စုစည်းမယ်။ အကြောင်းအရာတွေ ကျနော်တို့ စုစည်းမယ်၊ အဲ့ဒါပြီးပြီဆို NCA အကောင်ထည် ဖော် မုှပေါ့၊ NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီးတော့မှ ပိုမိုခိုင်မာတဲ့ NCA အကောင်အထည် ဖော်မှုပေါ့နော်Bilateral သဘောတူညီချက်အပါအဝင် ဒီ NCA အကောင်အထည်ဖော်မှုကို ပိုမိုခိုင် မာအားကောင်းအောင် ဆောင်ရွက်သွားရေးပေါ့။”ဟု  အဖွဲ့ခေါင်းဆောင်ဖြစ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း မှ ပြောသည်။

အစည်းအဝေး၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အဖွဲ့၏ စတုတ္တအကြိမ်မြောက် ပထမပိုင်းညီလာခံ အစည်းအဝေး ဆုံးဖြတ်ချက်များထဲမှ တစ်စို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အချက်တချို့ကို ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

တဆက်ထဲမှာပင် NCA အပစ်ရပ် ၁၀ ဖွဲ့၏ ကိုယ်စားလှယ် တစ်ဦးစီပါဝင်သော ယခုအလုပ်အဖွဲ့ အစည်းအဝေးတွင် ခေါင်းဆောင်ကိုယ်စားလှယ် အားလုံးသဘောတူညီနိုင်သည့် ဘုံသဘောထား များကိုလည်း စုစည်းရယူသွားမည်ဟု ရဲဘော် မျိုးဝင်း မှ ဆက်ပြောသည်။

ABSDF ဒုဥက္ကဋ္ဌ က “NCA လက်မှတ်ရေးထိုးထားတဲ့ ဒီ ၁၀ ဖွဲ့အတွင်းမှာ အားလုံးရဲ့ သဘော ထားတွေ ရအောင် စုစည်းသွားမှာ ဖြစ်တယ်။ တချိန်ထဲမှာပဲ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေ နဲ့လည်းပဲ ဒီ NCA အကောင်အထည်ဖော်မှုမှာ ပူးတွဲညှိနှိုင်းဆောင်ရွက်သွား ဖို့လည်း အစီအစဉ် ရှိပါတယ်။” ဟု ရဲဘော် မျိုးဝင်း မှ ဆက်ပြောသည်။

အစည်းအဝေးမှ ရရှိလာသည့် အချက်များအား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST သို့ တင်ပြ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

တစ်နိုင်ငံံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး(ပထမပိုင်း) တွင် လက်ရှိတစ်ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ကျော်လွှားနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်သည့် စုဖွဲ့မှုတစ်ခုကို ဖွဲ့စည်းနိုင်ရန် အလုပ်အဖွဲ့ဆိုသည့် အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး(ပထမပိုင်း) ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၄ ရက် မှ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုအား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းဝေး PPCM စုဖွဲ့မှုသို့ ပြောင်းလဲ ပြင်ဆင်မည့် ကိစ္စနှင့် ပတ်သက်၍လည်း  ဇွန်လ ၈ ရက်နေ့တွင် နောက်ထပ် အလုပ်အဖွဲ့ကိုယ်စား လှယ်များ ဆက်လက်ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

NCA အပစ်ရပ် အဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။

Most read this week

February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...