နေရပ်ပြန် Nam San Yang စစ်ရှောင် ရွာသားများ သောက်ရေ ခက်ခဲနေ

နေရပ်ပြန် Nam San Yang စစ်ရှောင် ရွာသားများ သောက်ရေ ခက်ခဲနေ

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော် ဒုက္ခသည်စခန်းများမှ Nam San Yang နေရပ်သို့ ပြန်လာကြသည့် ကချင်စစ်ရှောင်ရွာသားများ ရာသီဥတု အလွန်ပူပင်းမှုအောက် သောက်သုံးရေ မရှိ အခက်အခဲနှင့် ပြန်လည်ကြံတွေ့နေရကြောင်း စစ်ရှောင်များ နေရပ်ပြန်လာရေး ဦးဆောင်သူများ ဆိုပါသည်။

တိုက်ပွဲကြောင့် ၈နှစ်ကြာ ပစ်ထားခဲ့ရသည့် ကျေးရွာရှိ ရေတွင်းများတွင် ရေခမ်းခြောက်ကုန်သောကြောင့် သောက်သုံးရေရှားပါးသည့် ပြဿနာရင်ဆိုင်နေရသည်ဟု Nam San Yang စစ်ရှောင်များ နေရပ်ပြန်ရာရေး ဦးဆောင်ကူညီပေးသူ ကချင်နာမည်ကျော် အဆိုတော် Slg. Hpaula Gam Hpang မှ ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“နေအရမ်းပူတော့ ရေတွေခမ်းခြောက်ကုန်တယ်။ ဒီနေရပ်ပြန်တဲ့ စစ်ရှောင်တွေက အရင်ရေတွင်းဟောင်းကိုဘဲ သန့်ရှင်းရေးလုပ်ပြီး ပြန်သုံးကြတာဖြစ်တယ်။ ရေတွင်းအသစ်တွေကို မတူးပေးနိုင်သေးဘူး။ ခုလောလောဆယ် ကို သောက်ရေ အရမ်းအခက်ခဲဖြစ်နေတယ်။ သုံးရေကျတော့ ဒီ Nam San Yang ရွာနားက ချောင်းမှာ သွားခပ်ကြတယ်။” ဟု ဆိုသည်။

Nam San Yang ကျေးရွာတွင် ယခုနှစ်မှစကာ ၈ နှစ်ကြာပိတ်ထားခဲ့ရသည့် အစိုးရစာသင်ကျောင်းကိုလည်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ပျက်စီးယိုယွင်းနေသောကျောင်းဆောင်များနှင့် ကျောင်းသူ ကျောင်းသူများအတွက် ဘော်ဒါဆောင် ဆောက်နေပါသည်။

“ဘော်ဒါဆောင်လုပ်နေတဲ့သူတွေလည်း ရေအခက်ခဲရှိနေတယ် ကျနော်တို့အနေနဲ့လည်း ရေတွင်းတူးပေးဖို့ မတတ်နိုင်ဘူး။ ရေတွင်းတွေက အားလုံးခမ်းကုန်ပြီ။ တချို့အဖွဲ့အစည်းတွေက လာကြည့်တာတော့ရှိတယ်။ ဒါပေမယ့် ဘာမှထူးမလာဘူး” ဟု Hpaula Gam Hpang က ဆက်ပြောသည်။

ဇွန်လ ၃ရက် တနင်္လာနေ့ ကချင်ပြည်နယ်အစိုးရ လူမူရေးဝန်ကြီး အား လာရောက်တွေ့ဆုံခဲ့စဉ် ဇွန်လ ၄ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးအား Nam San Yang သို့ သွားရောက်စစ်ဆေးရန် နှင့် လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် ကတိပြုခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၈ နှစ်ကုန်ပိုင်းမှစပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ ခရစ်ယာန်အသင်းတော် ဒုက္ခသည်စခန်းများမှ Nam San Yang စစ်ရှောင်များသည် အစိုးရနှင့် တပ်မတော် စီစဉ်ပေးမှုဖြင့် နေရပ် ပြန်လာကြခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...