ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီ ဖွဲ့စည်းရန် သဘောတူ

ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီ ဖွဲ့စည်းရန် သဘောတူ

ရှမ်းပြည်အတွင်း ကချင်နိုင်ငံရေးပါတီတစ်ခုထူထောင်ရန် မတ်လ ၂၈ ရက်မှစတင်ကာ ၂ရက်တာဆွေးနွေးခဲ့ရာတွင် ပါတီထူထောင်ရန် အတည်ပြုဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပါတီထူထောင်ရေး ကော်မတီ ယာယီတာဝန်ခံ Duwa Tangbau Naw Hkam ဆိုပါသည်။

“ဒီနေ့ဆွေးနွေးပွဲကတော့ ပြောစရာမရှိအောင် ရာခိုင်နှုန်းအပြည့်အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာတဲ့သူတွေအားလုံးကလည်း ကချင်နိုင်ငံရေးပါတီ မဖွင့်ရင် မဖြစ်တော့ဘူး ပါတီထူထောင်သင့်ပြီ ဆိုပြီး အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ ကျနော်တို့အတွက အောင်မြင်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြပြီဖြစ်တယ်။” ဟု ပါတီယာယီတာဝန်ခံ ကပြောသည်။

ယင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ အသင်းတော်ခေါင်းဆောင်များ၊ ဒေသခံ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး ပါတီ၏ရှေ့ဆက်လုပ်ဆောင်သွားမည့် ကိစ္စများ ဦးဆောင်ရန်အတွက် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြပြီဖြစ်သည်။

“ခုကျနော်အမှုတော်ဆောင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ပါတီတစ်ခု တစ်ကယ်ပဲ ထူ ထောင်သင့်ပြီလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းပြည်မှာရှိတဲ့ ကချင်လူထုကို ကာကွယ်ဖို့အတွက် ကချင်နိုင်ငံရေးတစ်ခုတော့ ရှိကို ရှိသင့်ပြီလို့မြင်တယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ Duwa Tangbau Hkun Myat (ဦးတီခွန်မြတ်)၏ ညီဖြစ်သူ မုံးကိုပြည်သူ့စစ်ခေါင်းဆောင် ဒူဝါ တီနော်ခမ်း သည် လားရှိုးမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ၏ သင်းထောက် တစ်ဦးလည်းဖြစ်သည်။

နိုင်ငံရေးပါတီတစ်ခု ထူထောင်မည်ဆိုလျှင် ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရ ပါတီတစ်ခုထူထောင်ရာတွင် ပါတီဝင်များက အဖွဲ့အစည်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်နေသူမျိုးမဖြစ်ရန်၊ အဖွဲ့အစည်းတစ်ခုခု၏ အမှီအခိုကင်းသူများဖြစ်ရမည်ဖြစ်ကြောင်း ပါရှိသည်။

သို့သော်လက်ရှိ ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီထူထောင်ရန် ဦးဆောာင်သူများသည် ပြည်သူ့စစ်မှ ခေါင်းဆောင်အချို့ ပါဝင်နေခြင်းအပေါ် ကချင်လူထုအချို့စိုးရိမ်မှုများရှိနေသည်။

ယင်းကိစ္စရပ်အပေါ် ဆွေးနွေးပွဲတက်ရောက်လာသူ တစ်ဦးဖြစ်သူ မူဆယ် (Mung Mau) ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ အထွေထွေအတွင်းရေမှူး Rev. Zau Ra က ယခုလို သုံးသပ်ပြောဆိုသည်။

“ကျနော်တို့လည်း ဒါကိုစိုးရိမ်နေတဲ့အတွက် ဦးဆောင်တဲ့ဆရာတွေကို မေးပါတယ်။ ကချင်ပါတီဖွင့်တာတော့ အရမ်းကောင်းတယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေဦးဆောင်ပြီးလုပ်တဲ့အတွက် နောက်နောင်မှာ သူတို့ကို ထိန်းချူပ် (control) လုပ်တာမျိုး ရှိလာနိုင်မလားဆိုပြီး တစ်ချို့လူတွေက စိုးရိမ်ကြတယ်။ ဒါပေမယ့် ဒီပြည်သူ့စစ်ခေါင်းဆောင်တွေကတော့ ပြောပါတယ်။ ကျနော်တို့က ဒီပါတီကို ဦးဆောင်ဖို့်မဟုတ်ပါဘူး လက်ရှိဒီကချင်လူထုအတွက် ကျနော်တု့ိက ဦးဆောင်ပေးတာဘဲဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ဒီပါတီဖြစ်လာဖို့ရန်လည်း ကျနော်တို့ဆွေးနွေးပွဲ ၃ကြိမ်လောက်လုပ်ခဲ့ကြပြီ။ ဒီအပေါ်မှာ ကြည့်မယ်ဆိုရင် လူ စရွေးကတည်းက လူထုကရွေးတာဖြစ်တယ်။ ပြည်သူ့စစ်တွေ၊ နိုင်ငံရေးပါတီတစ်ခုခုမှာ ပါဝင်တဲ့သူတွေကို ကျနော်တို့ မရွေးပါဘူး။ ဒါကြောင့်မို့ ဒီပါတီက တစ်ကယ်ပဲပြည်သူအတွက် အားကိုးရတဲ့ ပါတီကောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ုမြင်တယ်။” ဟု ၎င်းအမြင်ကို သုံးသပ်ပြောဆိုသည်။

ရှမ်းပြည်နယ်အတွင်း ကချင်ပါတီထူထောင်ရေးကို ပထမအကြိမ် မတ်လ ၁၆ရက်နေ့မှ စကာ ၂ရက်သာ ကျင်းပခဲ့ကြပြီး ယခုအကြိမ်ကျင်းပခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး လာမည့် ဇွန်လမှစကာ ပါတီကော်မတီများ လုပ်ငန်းများ စတင်တော့မည်ဖြစ်သည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...