အိန္ဒိယနယ်ခြားစောင့်တပ် BSF မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦးကို နယ်စပ်တွင် ပစ်သတ်

အိန္ဒိယနယ်ခြားစောင့်တပ် BSF မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦးကို နယ်စပ်တွင် ပစ်သတ်
Ref: Bangladeshi shot dead by BSF in Chapainawabganj border
Ref: Bangladeshi shot dead by BSF in Chapainawabganj border

ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တစ်ဦးကို အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ BSF က အိန္ဒိယနယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာတွင် ဖော်ပြသည်။

အသတ်ခံရသူမှာ ဂျာဟီရုလ် အစ္စလာမ် (၂၂) နှစ်၊ (ဘ) အီးနာမီယာဖြစ်ပြီး Bholahat ဘိုလာဟတ်မြို့နယ် ဖူတာနီစျေး ကျေးရွာမှ ဖြစ်ကြောင်း၊ ၎င်းအား အိန္ဒိယနိုင်ငံ အတွင်းရှိ ဂါလာဘာရီ နယ်စပ်တွင် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အိန္ဒိယ နိုင်ငံ အနောက် ဘင်္ဂေါ ပြည်နယ် အခြေစိုက် အိန္ဒိယနယ်ခြားစောင့်တပ် BSF အမှတ် (၄၄) တပ်ရင်းမှ တပ်ဖွဲ့တစ်ခုသည် နယ်စပ်တွင် ကင်းလှည့်နေစဉ် သူ့နိုင်ငံ၏ နယ်မြေ ကိုက်၂ဝဝ ခန့် အတွင်းသို့ ဝင်ရောက်လာသည် လူအုပ်စု တစ်ခုအား သေနတ်ဖြင့် ပစ်ခတ်စဉ် ဂျာဟီရုလ် အစ္စလာမ် (၂၂) နှစ် ကျည်ဆံ ထိမှန် သေဆုံးသွားခဲ့ကြောင်း  သတင်းတွင် ဖော်ပြသည်။

၎င်းသည် ပစ်ခတ်ခံရသည့် နယ်စပ်မှတ်တိုင် ၂ဝဝ အနီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျန်လူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ အိန္ဒိယနယ်ခြားစောင့်တပ်မှ ၎င်းအလောင်းကို သူတို့စခန်း ဂျာဟီရုလ်သို့ ယူဆောင်သွားကြောင်း၊ ထိုပစ်ခတ်သေဆုံးမှုအတွက် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ပြင်းထန်စွာ ကန့်ကွက်ပြီး အလောင်းကို ပြန်ပေးရန် တောင်းဆိုထားကြောင်း ၎င်းသတင်းအရ သိရသည်။

BSF မှ ၎င်းသေဆုံးသူ ဂျာဟီရုလ် အစ္စလာမ် အလောင်းအား လုပ်ထုံးလုပ်နည်းအရ သေမှုသေခင်းဖွင့် ဆောင်ရွက်ပြီးနောက်  ဘင်္ဂလာဒေ့ရှိသို့ ပြန်လည် လွဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...