အိန္ဒိယနယ်ခြားစောင့်တပ် BSF မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦးကို နယ်စပ်တွင် ပစ်သတ်

အိန္ဒိယနယ်ခြားစောင့်တပ် BSF မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦးကို နယ်စပ်တွင် ပစ်သတ်
Ref: Bangladeshi shot dead by BSF in Chapainawabganj border
Ref: Bangladeshi shot dead by BSF in Chapainawabganj border

ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တစ်ဦးကို အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ BSF က အိန္ဒိယနယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာတွင် ဖော်ပြသည်။

အသတ်ခံရသူမှာ ဂျာဟီရုလ် အစ္စလာမ် (၂၂) နှစ်၊ (ဘ) အီးနာမီယာဖြစ်ပြီး Bholahat ဘိုလာဟတ်မြို့နယ် ဖူတာနီစျေး ကျေးရွာမှ ဖြစ်ကြောင်း၊ ၎င်းအား အိန္ဒိယနိုင်ငံ အတွင်းရှိ ဂါလာဘာရီ နယ်စပ်တွင် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အိန္ဒိယ နိုင်ငံ အနောက် ဘင်္ဂေါ ပြည်နယ် အခြေစိုက် အိန္ဒိယနယ်ခြားစောင့်တပ် BSF အမှတ် (၄၄) တပ်ရင်းမှ တပ်ဖွဲ့တစ်ခုသည် နယ်စပ်တွင် ကင်းလှည့်နေစဉ် သူ့နိုင်ငံ၏ နယ်မြေ ကိုက်၂ဝဝ ခန့် အတွင်းသို့ ဝင်ရောက်လာသည် လူအုပ်စု တစ်ခုအား သေနတ်ဖြင့် ပစ်ခတ်စဉ် ဂျာဟီရုလ် အစ္စလာမ် (၂၂) နှစ် ကျည်ဆံ ထိမှန် သေဆုံးသွားခဲ့ကြောင်း  သတင်းတွင် ဖော်ပြသည်။

၎င်းသည် ပစ်ခတ်ခံရသည့် နယ်စပ်မှတ်တိုင် ၂ဝဝ အနီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျန်လူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ အိန္ဒိယနယ်ခြားစောင့်တပ်မှ ၎င်းအလောင်းကို သူတို့စခန်း ဂျာဟီရုလ်သို့ ယူဆောင်သွားကြောင်း၊ ထိုပစ်ခတ်သေဆုံးမှုအတွက် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ပြင်းထန်စွာ ကန့်ကွက်ပြီး အလောင်းကို ပြန်ပေးရန် တောင်းဆိုထားကြောင်း ၎င်းသတင်းအရ သိရသည်။

BSF မှ ၎င်းသေဆုံးသူ ဂျာဟီရုလ် အစ္စလာမ် အလောင်းအား လုပ်ထုံးလုပ်နည်းအရ သေမှုသေခင်းဖွင့် ဆောင်ရွက်ပြီးနောက်  ဘင်္ဂလာဒေ့ရှိသို့ ပြန်လည် လွဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...