လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရသည့် စပါးထားရွာသား ၆ ဦးကို မင်းပြားသုဿာန်တွင် ဂူသွင်းသင်္ဂြိုလ်

လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရသည့် စပါးထားရွာသား ၆ ဦးကို မင်းပြားသုဿာန်တွင် ဂူသွင်းသင်္ဂြိုလ်

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရသည့် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ ရွာသား ၆ ဦးအား မင်းပြားသုဿာန်တွင် ဇွန်လ ၄ ရက် ယနေ့ ညနေ ၂ နာရီကျော်က ဂူသွင်း သင်္ဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။

"သူတို့အလောင်းတွေကို ဂူသွင်းသင်္ဂြိုလ်မှာဖြစ်ပါတယ်။ လူထုကလည်း ထောင်ချီပြီးတော့ ရောက်နေ ကြပါတယ်။ မင်းပြားမြို့ပေါ် အပါအဝင် ကျေးရွာအသီးသီးက လူတွေ အသုဘ လာပို့ကြတာပါ "ဟု မင်းပြားသုဿာန်လို့ ရောက်ရှိနေသည့် မြို့ခံ ကိုစိုးနိုင်က ယနေ့ ညနေ ၂ နာရီခွဲခန့်တွင် နိရဉ္စရာကို ပြောသည်။

သေဆုံးသူ ၆ ဦးတွင် ၄ ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး မဆန်းဆန်းဝင်းနှင့် ဦးမောင်အေးနုတို့မှာ မင်းပြားဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများမှာ ဦးလှမောင် (၅၅ နှစ်၊ ဝမ်းဗိုက်ထိမှန်)၊ ဦးမောင်မောင်သန်း(၄၈ နှစ်၊ - ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ထိမှန်)၊ ဦးမောင်ဖြူထွန်း (၅၂ နှစ်၊ ဦးခေါင်းတွင် ကျည်ထိမှန်)၊ ဒေါ်လပြည့်ကြည် (အသက်မသိရသေး၊ ဝမ်းဗိုက်အူထွက်၍ သေဆုံး)၊ မဆန်းဆန်းဝင်း (၁၄ နှစ်၊ ရင်အုံနှင့် ခါးစပ်ကျည်ထိမှန်)နှင့် ဦးမောင်အေးနု (၇၁ နှစ်၊ ကျောရိုးဖောက်ထွင်းဒဏ်ရာဖြင့်သေဆုံး)တို့ဖြစ်ကြသည်။

စပါးထားကျေးရွာတွင် ယမန်နေ့ညနေ ၂ နာရီကျော်အချိန်က ရွာသားများစုဝေးနေသည့် ရွာဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်ပြီး ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သူ ၆ ဦးအား မင်းပြားမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်းထားရကြောင်းလည်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...