မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်

မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်
ဓာတ်ပုံ- မူရင်းပိုင်ရှင် စိုးသူရ
ဓာတ်ပုံ- မူရင်းပိုင်ရှင် စိုးသူရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ခရီးသည် ၄၄ ဦးကို တင်ဆောင်လာသည့် ရွှေမန်းရတနာကား ယနေ့ ညနေက မိုင်းပေါက်ကွဲ ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။

မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက “ ဖြစ်တာက ဒီကနေ့ ညနေ ၄ နာရီခွဲမှာ ဖြစ်တာပါ။ မြေပုံမြို့နယ်၊ ပင်ကပ်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာအနီးမှာ ကားလမ်းဘေးကို ချစဉ် မိုင်းပေါက်ကွဲတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ကားပျက်စီးပေမယ့် ခရီးသည်တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သတင်းရပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မိုင်းပေါက်ကွဲသည့် နေရာသည် စစ်တွေဘက်ကလာလာလျှင် ကြာအင်းတောင်ကျေးရွာ အလွန် ချောင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရွှေမန်းရတနာကားသည် စစ်တွေမှ ရန်ကုန်သို့ ခရီးသည် ၄၄ ဦးကို တင်ဆောင်၍ လာစဉ် မိုင်းပေါက်ကွဲ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်၊ ရန်ကုန်မှ မျက်နာချင်းဆိုင်လာသော ကုန်တင်ကားတစ်စီးကို ရှောင်ရန် လမ်းဘေးသို့ ဆင်းပေးစဉ် ပေါက်ကွဲခြင်း ဖြစ်ကြောင်း စစ်တွေမြို့ ရွှေမန်းရတနာ ကားဂိတ် မန်နေဂျာ ဦးတင်ရွှေက ပြောသည်။

၎င်းပြင် မန်နေဂျာ ဦးတင်ရွှေက “ နောက်ကားဘီးတွေ ပွင့်ထွက်ပြီး ပေါက်သွာတယ်။ ကားမှန်တစ်ချို့ ကွဲသွားတယ်။ ခရီးသည်တွေ ထိခိုက်မှု မရှိဘူး။ အခု စစ်တွေကနေ ကားနောက်တစ်စီး ထပ်လွတ် လိုက်ပါတယ်။ ခရီးသည်တွေ ဆက်ခရီးထွက်နိုင်အောင်ပါ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဒရိုင်ဘာနှင့် စပယ်ယာများလည်း ထိခိုက်မှု မရှိဟု သိရသည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...