တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၁၀ ဦးကို ဝိုင်းမော်မြို့နယ်တရားရုံးတွင် စစ်ဆေးမည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၁၀ ဦးကို ဝိုင်းမော်မြို့နယ်တရားရုံးတွင် စစ်ဆေးမည်။

ဝိုင်းမော်မြို့နယ် တရုတ်-မြန်မာနယ်စပ် ကန်ပိုင်တီမှ တရားမဝင် ဖြတ်ကျော်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဆဒုံး၌ ဖမ်းဆီးပြီး မြစ်ကြီးနားအကျဉ်းထောင်၌ ထိန်းသိမ်းထားသည့်အမှု မေလ ၃၁ ရက်နေ့ မြို့နယ် တရားရုံးတွင် စစ်ဆေးမည်ဟု သိရပါသည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၀ ဦးတို့သည် ဆဒုံးမြို့နယ် စုပေါင်းဂိတ်တွင် မရပ်ဘဲ ဆိုင်ကယ် ၇စီး ဖြင့် ဖြတ်ကျော် မောင်းနှင်သွားခြင်းကြောင့် လိုက်လံစစ်ဆေးမေးမြန်းခဲ့ရာ အထောက်အထားမပါ ခြင်းကြောင့် မေလ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ဝိုင်းမော်မြို့နယ် လ.ဝ.က မှ ပုဒ်မ (၁၃) (၁) ဖြင့် အမှုဖွင့်ထားသည်ဟု သိရပါသည်။

“ဆိုင်ကယ်နဲ့ဝင်လာဒါတွေ့တော့ မသင်္ကာလို့ လ.ဝ.က အဖွဲ့က စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သူတို့ က အထောက်အထားမပါတဲ့ တရုတ်နိုင်ငံသားတွေဖြစ်ဒါ ပေါ်လွင်နေတယ်။သူတို့က မိတ်ဆွေ မင်္ဂလာဆောင်သွားမယ်လို့ ပြောတယ်။” ဟု မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန မှ ဆရာအားဆီ ထံမှ သိရပါသည်။

“လက်ရှိအခြေအနေက တရားခံ ၁၀ ဦးကို မြစ်ကြီးနားအကျဉ်းထောင်မှာ စစ်ဆေးနေစဉ်ကာလမှာ ချုပ်တဲ့အချုပ်ရှိတယ်။ အဲ့အချုပ်ထဲမှာခဏထဲ့ထားတယ်။ မနက်ဖြန် ဝိုင်းမော်တရားရုံးမှာ ရုံးထုတ်စစ် ဆေးသွားမယ်။”ဟု ၎င်းက KNG ကချင်သတင်းဌာနကို ဆက်ဆိုထားသည်။

၎င်းနည်းတူ မေလ ၁၂ ရက်နေ့ ဝိုင်းမော်မြို့နယ်၊အောင်မြင် ၂ ကျေးရွာတွင် တစ်သျှူးငှက်ပျောစိုက်ရန် မြေဧက အသစ်ပြန်လည်ဖော်ထုတ်လာသည့် ဂျိန်းဖေါ့နဒီ ကုမ္မဏီမှ တရုတ်နိုင်ငံသား ၅ ဦး နှင့် မေလ၂၅ ရက်နေ့ နမ့်ဝါကြိုးဝိုင်း ၌ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦး၊ ဝါရှောင်သစ်တော ဧရိယာတွင် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့အား အရေးယူထားကြောင်း သိရပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...