ဘင်္ဂလာဒေ့ရှ်ရွာတော်ခရိုင်မှ လူ ၁၀ ဦး အိန္ဒိနယ်စပ်အနီးရှိ တမူးမြို့နယ်တွင် အဖမ်းခံရ

ဘင်္ဂလာဒေ့ရှ်ရွာတော်ခရိုင်မှ လူ ၁၀ ဦး အိန္ဒိနယ်စပ်အနီးရှိ တမူးမြို့နယ်တွင် အဖမ်းခံရ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင်ခရိုင်(ရွာတော်ခရိုင်)မှ မြန်မာနိုင်ငံ အတွင်းသို့ မှတ်ပုံတင် အတုများဖြင့် ဝင်လာသူ ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း ရဲဇာနည်တွင် သတင်းဖော်ပြသည်။

၎င်းတို့ကို မေလ ၂၈ ရက် ညနေ ၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ စာသင်ကျောင်းရှေ့ တမူး-ကလေး ကားလမ်းပေါ်၌ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

သတင်းအရ တမူးမှ ကလေးမြို့သို့ ချစ်ကိုကို(စိစစ်ဆဲ) မောင်းနှင် လာသည့် 4Q/×××× N Power ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ တမူးမြို့၊ စော်ဘွား (၅/က)ရပ်ကွက်နေ မကေသီနွယ် (၃၅)နှစ်နှင့် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာနေ ဦးဘထွန်း (၄၂)နှစ်ပါ (၁၀)ဦး (ကျား၉၊ မ ၁)တို့အား မသင်္ကာဖွယ်တွေ့ရှိ၍ တမူးမြို့မရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ဦးဘထွန်းပါ ၁၀ ဦးတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့သည် မေလ ၂၁ ရက် နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် (ရွာတော်ခရိုင်)၊ ဘာဂမာရာ ကျေးရွာမှ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့သို့ ၃ ဘီးဆိုင်ကယ်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားများကို အတုပြုလုပ်၍ ကိုင်ဆောင် ဝင်ရောက်လာသည်ဟု စိစစ်တွေ့ရှိရကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့အား ကလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သား များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီ တည်ဆဲဥပေဒများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

တမူးမြို့၊ စော်ဘွား (၅/က)ရပ်ကွက်နေ မကေသီနွယ် (၃၅)နှစ်ကိုလည်း ၎င်းတို့ ၁၀ ဦးနှင့် အတူ ဖမ်းဆီးထားသည်ဟု သိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...