ဒူးလေးပါတီ တောင်းဆိုချက်ကို KIO/KIA လိုက်လျောခဲ့သဖြင့် ဆန္ဒပြပွဲ ယာယီဆိုင်းငံ့

ဒူးလေးပါတီ တောင်းဆိုချက်ကို KIO/KIA လိုက်လျောခဲ့သဖြင့် ဆန္ဒပြပွဲ ယာယီဆိုင်းငံ့

လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) က မေလ ၂၇ရက်နေ့ ဆန္ဒဖော်ထုတ်ရန် ထုတ်ပြန်ကြေညာထားသော်လည်း ၎င်းတို့၏ တောင်းဆိုချက် ၄ ချက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဘက်မှ လိုက်လျောပေးခဲ့မှုကြောင့် ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းငံ့ထားသည်ဟု ပြောပါသည်။

လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာ ဘန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လီဆူလူမျိုး ၄ ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကြောင့် နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရာ ဒူးလေးပါတီတောင်းဆိုချက်ကို KIO ဘက်က လိုက်လျောခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

“အဓိက ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်တာက KIA/KIO ကနေ ကျနော်တို့ရဲ့ တောင်ဆိုမှုကို လိုက်လျော တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ တောင်းဆိုချက်က ၄ချက်တောင်းဆိုတယ်။ အဲ့ဒီတော့ လီဆူရိုးရာယဉ်ကျေးမှုနဲ့ တရားဝင် ဆောင်ရွက်ပေးတယ်လို့ကြားသိရပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ လုပ်တာက ယာယီပဲ ရပ်ဆိုင်းတာပါ”ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်း မှ ကချင်သတင်းဌာန KNG ကို ပြောဆိုသွားပါသည်။

ဆန္ဒပြပွဲကို ရုတ်သိမ်းလိုက်ခြင်းမဟုတ်ပဲ ယာယီခဏသာ ရပ်ဆိုင်းထားသည်ဖြစ်သည့်အတွက် တရားဝင်ဆန္ဒပြပွဲကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသတ်ဖြတ်ခံရသူ ၃ ဦးနဲ့ ထွက်ပြေးလွတ်မြောက်သူ ၁ ဦးတို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG နှင့် ကျေးရွာ ရပ်မိရပ်ဖတို့သည် မေလ ၂၅ ရက်နေ့ ဆွေးနွေးရာ နစ်နာကြေးများ ပေးရန် သဘောတူညီမှု ရခဲ့သည်ဟု သိရပါသည်။

နစ်နာကြေး ပံ့ပိုးငွေအဖြစ် သေဆုံးသူ ၁ ဦးလျှင် မြန်မာကျပ်ငွေကျပ် သိန်း ၁၅၀နှင့် ထွက်ပြေးလွတ်မြောက်ခဲ့သူ ၁ဦးကို ဆေးကုသရန် ကျပ်သိန်း ၄၀ စုစုပေါင်း ကျပ်သိန်း ၄၉၀ ကို KIO/KIA ဘက်မှ ပေးခဲ့ကြောင်း သိရသည်။

ဘန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး KIO ဗဟိုဌာနချုပ်မှ ကော်မရှင်ဖွဲ့ကာ KIO ၏ တရားဥပဒေနဲ့အညီ အရေးယူမှု လုပ်နေကြောင်း မေလ ၂၅ ရက်နေ့ မြန်မာနိုင်ငံလီဆူစာပေနဲ့ ယဉ်ကျေးမှုဗဟိုကော်မတီ သို့ပေးပို့စာမှ သိရပါသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...