ARSA ခေါင်းဆောင်ဖြစ်သူအား ဓားဖြင့်ထိုးပြီး ထွက်ပြေးလာသူ တစ်ဦးဖမ်းဆီးရမိ

ARSA ခေါင်းဆောင်ဖြစ်သူအား ဓားဖြင့်ထိုးပြီး ထွက်ပြေးလာသူ တစ်ဦးဖမ်းဆီးရမိ

ညီမအရင်းဖြစ်သူအား ARSA ခေါင်းဆောင်မှ ညအိပ်ခေါ်သည်ကို ဟန့်တားရာမှ ပြသနာဖြစ်ပြီး ၎င်းARSA ခေါင်းဆောင်အား ဓားဖြင့် ထိုးပြီး ထွက်ပြေးလာသူ အဖွဲ့ဝင် တစ်ဦးကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဖမ်းမိကြောင်း ရဲတပ်ဖွဲ့သတင်းများကို ဖော်ပြသော ရဲဇာနည်တွင် သတင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ ARSA အကြမ်းဖက်အဖွဲ့ဝင်မှာ မာမွတ်ဟာရှင်း(ခ) ဟာရှင်း မူလ္လာ(၂၂)နှစ် ဖြစ်ကြောင်း ၎င်းသတင်းကဆိုသည်။

ဖေဖော်ဝါရီလအတွင်းက မာမွတ်ဟာရှင်း(ခ) ဟာရှင်း မူလ္လာသည် ၎င်း၏ ညီမအရင်းဖြစ်သူ အန်ဆန်မူရာအား ARSA ခေါင်းဆောင် အက္ကရာဆိုသူမှ ညအိပ်ခေါ်သည့် ကိစ္စအား တားမြစ်ခဲ့ကြောင်း၊ ထိုသို့ တားမြစ်သည်ကို ARSA ခေါင်းဆောင်မှ မကျေနပ်၍ မေလ ၂၂ ရက်နေ့တွင် ၎င်းအားမြေပြင်တွင် မှောက်ခိုင်းပြီး ဝါးရင်းတုတ်နှင့်ရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်စဉ် အက္ကရာအား ခါးကြားတွင်ဝှက်ယူလာသည့် ဓားမြှောင် နှင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း စစ်ဆေးစဉ် ၎င်းက ပြောကြားခဲ့သည်ဟု သတင်းတွင် ရေးသားဖော်ပြသည်။

၎င်းသည် ငါးဖမ်းလှေတစ်စီးအား တာကာငွေ ၂၀၀၀ ပေး၍ မြန်မာနိုင်ငံသို့ ပို့ဆောင်ခိုင်းပြီး နယ်စပ်ခြံစည်းရိုးအား ကျော်ဖြတ်၍ ဝင်ရောက်လာပြီး ကျီးကန်းပြင်(တောင်)ရွာရှိ ဦးလေးဖြစ်သူ ဇာဖောအာမတ်ထံသွားရောက်ရန် ထွက်ခွာလာစဉ် လုံခြုံရေးအဖွဲ့များနှင့်တွေ့ရှိ ဖမ်းဆီးခံခဲ့ရ ကြောင်းထွက်ဆိုသည်ဟု ဆိုသည်။

မာမွတ်ဟာရှင်း(ခ) ဟာရှင်း မူလ္လာအားကြိမ်ချောင်းနယ်မြေရဲစခန်း (ပ)၆/၂၀၁၉၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

၎င်းသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ(၄)၊ လိပ်ရ(မြောက်)ကျေးရွာ၌ မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ကဘင်္ဂလားဒေ့(ရှ်)နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ပါလောင်ခါလီကျေးရွာ၊ ဆာမားကူဒုက္ခသည်စခန်းမှ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းဆာမားကူဒုက္ခသည်စခန်းမှ ၎င်းပါ လူငယ်(၂၀)ဦး၊ အခြား ဒုက္ခသည် စခန်း အသီးသီးမှ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့သည် အကြမ်းဖက်သင်တန်းအား ဆာမားကူဒုက္ခသည်စခန်း ၌ပင်(၁)လသင်တန်းတက်ရောက်ခဲ့ကြောင်းသတင်းတွင် ဖော်ပြထားသည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...