ကျောက်တန်း ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး စိတ်ဖောက်ပြန်နေ

ကျောက်တန်း ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး စိတ်ဖောက်ပြန်နေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ဆက်လက်ဖမ်းဆီးစစ်ဆေးခံနေရသူ ၈၃ ဦထဲမှ ဦမဲသီး (ခ) ငမဲ (၃၂) နှစ် (ဘ) ဦးဘထွန်းမှာ စိတ်ဖောက်ပြန်ပြီး ရူးသလိုဖြစ်နေကြောင်း မိသားစုများက ပြောကြားသည်။

“ သိရတာက အထဲက အဖမ်းခံရတဲ့လူတွေ ပြောတာပါ။ မူမမှန် ဖြစ်နေတယ်။ စိတ်ဖောက်ပြန်နေတယ်။ ကြောက်အားကြီးပြီး ဖြစ်သွားတယ်လို့ ပြောပါတယ်။ မျက်နာတွေလည်း မူမမှန် ဖြစ်နေပါတယ်” ဟု မိသားစုဝင် တစ်ဦးက ပြောကြားသည်။

မိသားစုများအနေဖြင့် ဦးမဲသီး၏ ကျန်းမာရေးကို ဆရာဝန်ဖြင့် စစ်ဆေးလိုပြီး စိတ်ဖောက်ပြန်နေပါက ဆေးဝါးကုသလိုသည်ဟု ပြောသည်။

၎င်းပြင် မေလ ၂ ရက်နေ့ နံနက် အစောကြီးက စစ်တပ်က ပစ်ခတ်မှု ဖြစ်စဉ်မှာလည်း စိတ်ပုံမှန် မဟုတ်သူ တစ်ဦးမှ ညဉ့်အချိန် ထအော်ရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အလားတူ အဖြစ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို ဖမ်းဆီးထိန်းသိမ်းခံထားရသူများက စိုးရိမ်နေသည်ဟု ပြောဆိုသည်။

ထိုပစ်ခတ်မှုတွင် ကျောက်တန်းသားရွာသား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...