ဖားကန့် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျမှုတွင် လူ ၅၀ ကျော် နစ်မြုပ်

ဖားကန့် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျမှုတွင် လူ ၅၀ ကျော် နစ်မြုပ်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်တွင် ယနေ့နံနက်ပိုင်း အလုပ်လုပ်ချိန် ကုမ္ပဏီလုပ်ကွက်တစ်ခုထဲကို နွံကန်ပေါက်ကျမှုကြောင့် ကုမ္ပဏီအလုပ်သမား (၅၀)ကျော် နှင့် ကျောက်တူးစက်ယန္တရားများ နစ်မြုပ်သွားသည်ဟု ဆိုပါသည်။

မှော်ဝမ်းကလေးကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွင် မြေဇာများ သွန်ချနေသည့် လုပ်ကွက်ဟောင်း နွံကန်ပေါက်ကျမူကြောင့် ကုမ္ပဏီဝန်ထမ်း (၅၄)ဦး၊ ဘတ်ဖိုးအစီး (၁၀)၊ ကားအစီး (၁၀)ကျော် နစ်မြုပ်သွားကြောင်း မှော်ဝမ်းကလေး အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။

“ပေါက်ကျသွားတဲ့ နွံကန်က အရမ်းနက်တော့ လူကတော့ ရှာဖို့ိမလွယ်တော့ဘူး။ မနက်ကတည်းက နာရေးအဖွဲ့တွေ၊ အုပ်ချုပ်ရေးဘက်ကရော ရှာဖွေရေးလုပ်နေကြတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဘာမှ ရှာမတွေ့သေးဘူး။ နွံကန်ပေါက်ကျတဲ့အချိန်က အလုပ်ချိန်ဖြစ်လို့ ရေမဆေးတွေမပါဘူး။ သူတို့ကုမ္မဏီက အလုပ်သမားတွေဘဲ ဖြစ်ဖို့များတယ်။“ ဟု မှော်ဝမ်းကလေး အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အဆိုပါ နွံကန်သည် မြန်မာသူရ၊ ရွှေနဂါးကိုးကောင် နှင့် ကချင်အမျိုးသားဖွံ့ ဖြိုး တိုးတက်ရေး ကုမ္ပဏီ (KNDPC) တို့၏ လုပ်ကွက် ဟောင်းဖြစ်ကြောင်းသိရသည်။

“ဒါကတော့သူတို့ကုမ္မဏီက ပေါ့ဆမှုကြောင့်ဖြစ်သွားတာ ဟုတ်တယ်။ အရင်နှစ်ဟောင်းက မြေဇာလုပ်ကွက်ဟောင်းမှာ ရေတွေပြည့်နေတာကို ရေမစုတ်ထုတ်ဘဲနဲ့ အဲနေရာမှာ နေရာမှာ မြေဇာပုံချတဲ့အချိန်ကျတော့ နွံကန်ဖြစ်သွားတာ။ နစ်သွားတဲ့သူတွေတော့ ရှာဖို့မလွယ်လောက်တော့ဘူး။“ ဟု ဒေသခံတစ်ဦးဖြစ်သူ ကဆိုသည်။

ယခုပေါက်ကျသွားသည့် နွံကန်သည် အနက်ပေ ၄၀ခန့်ရှိပြီး မှော်ဝမ်းကလေးကျေးရွာနှင့် Nbala Hka (အင်ဘန်လခ)ကျေးရွာကြားတွင် တည်ရှိသည့် မှော်ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...