ကယောအမျိုးသားနေ့တွင် လက်မှုပြိုင်ပွဲကျင်းပ

ကယောအမျိုးသားနေ့တွင် လက်မှုပြိုင်ပွဲကျင်းပ

၁၅.၄.၂၀၁၉ ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်မှာ ကျင်းပတဲ့ (၅၁)နှစ်မြောက် ကယောအမျိုးသားနေ့မှာ လက်မှုပညာပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကယောတိုင်းရင်းသားမျိုးနွယ်စုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ်ရန် ရည်ရွယ်ပြီး ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ ပြိုင်ပွဲဦးဆောင်သူလည်းဖြစ်၊ ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီလည်း ဖြစ်တဲ့ ဆရာမမိုဆူးက ပြောပါတယ်။

ပြိုင်ပွဲထဲမှာ ကြက်ခြင်းယက်ပြိုင်ပွဲ၊ ရိုးရာခေါင်းဖီးယက်လုပ်ပြိုင်ပွဲ၊ ခေါင်ရည်ခွက်ပြိုင်ပွဲ၊ ကျွဲချိပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဝတ်စုံယက်ပြိုင်ပွဲ၊ ရိုးရာစောင်ယက်လုပ်ပြိုင်ပွဲများ ပါဝင်တယ်လို့ သူမက ဆက်ပြောပါတယ်။

ပြိုင်ပွဲကျင်းပတဲ့နေ့မှာ ကြက်ခြင်း ၄ လုံး၊ ခေါင်ရည်ခွက် ၅လုံး၊ ခေါင်းဖီး ၄ခု၊ အမျိုးသမီးဝတ်စုံတစ်စုံ၊ အမျိုးသားဝတ်စုံ တစ်စုံ၊ ရိုးရာစောင် ၃ထည်ကို ယက်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...
March 31, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းအထိ စျေးမြင့်တက်လာတယ်လို့...