မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် ဝိုင်းမော်ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် ဝိုင်းမော်ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ
ဧပြီ ၂၂၊ ၂၀၁၉ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် ဝိုင်းမော်ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ
ဧပြီ ၂၂၊ ၂၀၁၉ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် ဝိုင်းမော်ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ

ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ခြင်း စီမံကိန်းအားအပြီးအပိုင်းရပ်တန့်သွားစေရန်အတွက် ဝိုင်းမော်မြို့နယ် ဒေသခံပြည်သူများ ၉၀၀၀ ကျော်ခန့် ယနေ့ ဝိုင်းမော်မြို့အတွင်း လှည့်လည် ဆန္ဒပြဖော်ထုတ် ခဲ့ကြသည်။

 

မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းတစ်လျှောက် ရေကာတာတည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းအားလုံးကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားလုံး မြစ်ဆုံစီမံကိန်းတည်ဆောက်ရန် လုံးဝကန့်ကွက်ကြောင်းကို တစ်နိုင်ငံလုံးသိရှိရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် တရုတ်အစိုးရဘက်မှ ၂၀၁၈ ဇန်နဝါရီလ (၁၃)ရက်နေ့ Chinese Embassy in Myanmar အမည်ရှိ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြထားသော ထုတ်ပြန်ချက်မှာ ‘ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်းနှင့် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှလူအဖွဲ့အစည်းများသာ ဖြစ်သည်ဟု’ ရေးသားဖော်ပြထားသောကြောင့် ဆန္ဒပြဖော်ထုတ်ခြင်းဖြစ်သည်ဟု လူထုဆန္ဒပြပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဒေသခံတစ်ဦးဖြစ်သည့် ဦး Tang Gun က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

 

“ဒေသခံပြည်သူများသာမက တစ်နိုင်ငံလုံးကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် အာဏာရှင်ကျင့်သုံးတဲ့ အဖွဲ့လို့မြင်တယ်။ တကယ်လို့အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် စက္ကန့် ၂၀အတွင်း တစ်နိုင်ငံလုံး ဒုက္ခရောက်မယ်ဆိုတာ အားလုံးသိနိုင်တယ်။ ဖွံ့ဖြိုးမှုခေါင်းစဉ်တပ်ပြီး လုပ်ဆောင်နေခြင်းဟာ ဧရာဝတီမြစ်ကို ကြိုးစင်တပ် သတ်နေတာဖြစ်တယ်။ မြစ်ဆုံဆည်မတည်ဆောက်လို့ မီးမလင်းရင်နေပါစေ။ မဖွင့်ဖြိုးရင်နေပါစေ။ အရင်တုန်းကလည်း ဆင်းရဲတဲ့ နိုင်ငံဘဲ။ ဒီထက်လည်း မဆင်းရဲနိုင်တော့ဘူး” ဟု ပြောဆိုခဲ့သည်။

 

ဧရာဝတီမြစ်ကြီးသည် အားလုံးနှင့်ဆိုင်တဲ့ အမွေအနှစ်ဖြစ်သလို တစ်ဦးတစ်ယောက်ပိုင်သော အရာမဟုတ်တဲ့အတွက် ဘယ်အဖွဲ့အစည်း၏ ထိန်းချူပ်မှုအောက်မှာမှ မရရှိကြောင်းကို ဦး Tang Gun က မိန့်ခွန်းတွင် ဆက်လက်ပြောဆိုခဲ့သည်။

 

ယနေ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှုကို အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၄၀)ကျော်က ဒေသခံဌာနေတိုင်းရင်းသားပေါင်းစုံ စည်းစည်းလုံးလုံးပါဝင်ခဲ့ကြသည်ဟု ဆန္ဒပြဦးဆောင်ကော်မတီမှ ဦး Bawm Sau ကပြောဆိုသည်။

 

ဒေသခံပြည်သူများ ၉၀၀၀ ကျော်ခန့် “ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း များရှိ ရေကာတာစီမံကိန်းများ အားလုံး အပြီးဖျက်သိမ်းရေး၊ မြစ်ဆုံစီမံကိန်းအလိုမရှိ၊ No Dam၊ ဧရာဝတီမြစ် ထာဝရစီးဆင်းနိုင်ရေး…ဒို့အရေး..ဒို့အရေး…” စသော စာတမ်းများကို ဗီနိုင်းဖြင့်ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...