ကချင်ပြည်နယ် အနောက်ဘက် မုန်တိုင်းကြောင့် လူ ၂ဦး သေဆုံး

ကချင်ပြည်နယ် အနောက်ဘက် မုန်တိုင်းကြောင့် လူ ၂ဦး သေဆုံး
ဧပြီလ ၁၈၊ ၂၀၁၉  ည ၈နာရီ မုန်တိုင်းကြောင့် ပျက်စီးသွားသော မှော်ဝမ်းရပ်ကွက် ကွန်ကရစ်နဲ့ ဆောက်လုပ်ထားတဲ့ ကချင်မနောတိုင်
ဧပြီလ ၁၈၊ ၂၀၁၉ ည ၈နာရီ မုန်တိုင်းကြောင့် ပျက်စီးသွားသော မှော်ဝမ်းရပ်ကွက် ကွန်ကရစ်နဲ့ ဆောက်လုပ်ထားတဲ့ ကချင်မနောတိုင်

ကချင်ပြည်နယ် အနောက်ဘက်တွင် ကြာသပတေးနေ့ည ဖြစ်ပွားသည့် လေမုန်တိုင်းကြောင့် ဖားကန့်မြို့တွင် လူ ၂ဦးသေဆုံးပြီး လူနေ တဲအိမ် နှင့် အဆောက်အဦး အများအပြား ပျက်စီးသွားခဲ့ကြောင်း ဖားကန့်ဒေသ သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Green Land က ဆိုသည်။

သေဆုံးသူ ၂ဦးသည် လုံးခင်းရပ်ကွက် (၅)ရှိ လင်းလက်ဝင်း ကျောက်စိမ်းကုမ္ပဏီ ဝန်ထမ်းဖြစ်ကြပြီး ည ၈နာရီခန့် မုန်တိုင်းတိုက်ခိုက်စဉ် ၎င်းကုမ္ပဏီ အဆောင်တစ်ခု ပြိုလဲပြုတ်ကျမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု Green Land အဖွဲ့ ခေါင်းဆောင် ဦး Ying Hkaw က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြသည်။

 

“ပျက်စီးဆုံးရှုံးတာက တော်တော်ထိခိုက်တာတွေ့ရပါတယ်။ ပိုပြီးဆိုးတာက လုံးခင်းအုပ်စုနဲ့ မော်ဝမ်းကျေးရွာတွင်မှာ ပိုပြီးဆိုးတယ်။ နောက်ပြီး မှော်ဝမ်းမှာဆိုရင်တောင် လူ ၂ဦးသေဆုံးတယ်လို့ ကြားရတယ်။ အဲ့တာကတော့ လင်းလက်ဝင်း ကုမ္ပဏီက အဆောင်တစ်ခုက ပြိုလဲကျသွားပြီး လူနေအိမ်တစ်ခုပေါ်ပြုတ်ကျသွားတယ်” ဟု ဆိုသည်။

 

လုံးခင်းအုပ်စုနှင့် မှော်ဝမ်းကျေးရွာ တွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပြီး မှော်ဝမ်း ကချင်ရိုးရာယဉ်ကျေးမှုရုံး ကွန်ကရစ်နှင့် စိုက်ထူထားသည့် မနောတိုင်ပါ ပြိုလဲပျက်စီးသွားကြောင်း ဦး Ying Hkaw က ဆက်ဆိုသည်။

မှော်စီစာရပ်ကွက်ဘက်မှာလည်း နေ့စားသမားများနေထိုင်သည့် တဲအိမ် (၁၀)လုံး လေထဲပါသွားကြောင်း သိရသည်။

 

“ကျတော်ဘက်ခြမ်းမှာတော့ အများကြီးမထိခိုက်ဘူး။ ထိခိုက်တဲ့ တဲအိမ်တွေက ကမ်းပါးပေါ်မှာ တဲထိုးပြီးနေတဲ့ နေ့စားသမားတွေ ရဲ့ ၁၀အိမ်ခန့်တော့ ပါသွားတယ်။ ပိုဆိုးသွားတာက လုံးခင်းအုပ်စုဘက်ပေါ့” ဟု ဖားကန့်၊ မှော်စီစာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

 

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသောနေရာများသို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ ညနေပိုင်းချိန်ထိ ကွင်းဆင်းစစ်ဆေးခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာ မုန်တိုင်းသင့် ကျေးရွာများမှ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများက ပျက်စီးဆုံးရှုံးမှုအပေါ် ဖားကန့်အုပ်ချုပ်ရေးထံသို့ တင်ပြထားပြီဖြစ်ကြောင်းကို မှော်စီစာ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ထံမှသိရသည်။

June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...