ရှမ်းမြောက်ပိုင်းမှာ အစိုးရတပ် နှင့် KIA ကြား တိုက်ပွဲများဖြစ်ပွား

ရှမ်းမြောက်ပိုင်းမှာ အစိုးရတပ် နှင့် KIA ကြား တိုက်ပွဲများဖြစ်ပွား

ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းမှ မွန်းလွဲပိုင်း ၄ နာရီခန့်ထိ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မြန်မာအစိုးရတပ် စစ်ကြောင်းများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများဆိုပါသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉) စခန်းရှိရာ Dima (တီမာ)၊ Manjang (မန်ဂျန်) ကျေးရွာဟောင်း သို့ အစိုးရစစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် ခုခံတိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာကြောင်း နာမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ယခုလိုပြောသည်။

“အခုဆို ၂ နေရာ ၃ နေရာလောက်မှာ Dima နားက Manjang ဆိုတဲ့နေရာမှာ ဒီကနေ့ မနက် ၁၀နာရီခွဲကနေ့ ၃၊ ၄ခေါက်လောက် တိုက်ပွဲ ဖြစ်ပွားပါတယ်။ သူ့တို့ (မြန်မာစစ်ကြောင်း)တက်လာလို့ တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်” ဟု ကချင်သတင်းဌာန KNG ကို ပြောပြသည်။

တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ် Manjang (မန်ဂျန်)ကျေးရွာဟောင်း၊ Daknai နှင့် မူဆယ်ခရိုင် Mungbaw ကျေးရွာအနီး Man Nawng Kawng (မန်နောင်ကုန်း)စသည့် ၃နေရာတွင် ဖြစ်ပွားနေသည်ဟု အထက် KIA အရာရှိကဆိုသည်။ Man Nawng Kawng (မန်နောင်ကုန်း)တွင် KIA တပ်ရင်း (၃၆) နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလ ဧပြီ ၃၀ရက် မတိုင်မီ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကချင် KIA၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအောန်း TNLA တို့နှင့် မြန်မာအစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကြား bilateral အပစ်ခတ်ရပ်ဆိုင်းရေးကိစ္စဆွေးနွေးရန် ပြင်ဆင်နေစဉ် ယခုတိုက်ပွဲ ဖြစ်လာခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...