၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် မဖြစ်မချင်း လက်ရှိ အနေအထားကို ဆက်ထိန်းသွားမည်ဟု UWSP ပြော

၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် မဖြစ်မချင်း လက်ရှိ အနေအထားကို ဆက်ထိန်းသွားမည်ဟု UWSP ပြော

“ဝ” တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ရာသက်ပန် ကြိုးစားသွားမည်ဟု ယနေ့ (ဧပြီလ ၁၇) ရက်နေ့တွင် ကျရောက်သော “ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့်အခမ်းအနားတွင် UWSA/UWSP က ပြောသည်။

နှစ်သုံးဆယ်ပြည့် အခမ်းအနားတွင် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်သေနာပတိချုပ် ဦးပေါက်ယူချန်း၏ မိန့်ခွန်းတွင် “ဝ တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကျနော်တို့မှ ရာသက်ပန်ကြိုးစားအား ထုတ်သွားမည်ဖြစ်ပြီး၊ အထက်ပါနိုင်ငံရေးတောင်းဆိုမှု အကောင်အထည်မပေါ်ခင် ကာလတွင် ကျနော်တို့သည် လက်တစ်ဖက်မှ ငြိမ်းချမ်းရေး ဒီမိုကရေစီ အလံကို လွှင့်ထူပြီး၊ အခြားလက်တစ်ဖက်ဖြင့် မိမိကိုယ်ကို ကာကွယ်ရေး အလံကို လွှင့်ထူကာ လက်ရှိအနေအထားအခြေအနေကို ဆက်လက်စောင့်ထိန်းသွားကြမည်” ဟု ပြောသည်။

UWSP/UWSA အနေဖြင့် လက်ရှိအနေအထားသည် ၎င်းတို့၏ ပန်းတိုင်မဟုတ်သေးကြောင်း ပန်းတိုင်ရောက် သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ရည်မှန်းချက်မှာ တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့ ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် “ဝ” ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထုတ်လို့မရသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ခွဲမ ထွက်ရေးနှင့် လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် သစ္စာကတိပြုခဲ့သည်ဟု အဆိုပါ မိန့်ခွန်း တွင် ပါရှိသည်။

“ဝ” ပြည်နယ်ရှိ လူထုတရပ်လုံး ကြီးပွားတောင့်တင်းခိုင်မာပြီး၊ ဒီမိုကရေစီနှင့် ယဉ်ကျေးမှုထွန်းကားသော ပြည်နယ်သစ်ဆီသို့ ဦးတည်ချီတက်ကြရန် ဦးပေါက်ယူချန်းမှ “ဝ” လူထုအား တိုက်တွန်းနိုးဆော်ထားသည်။

နှစ် ၃၀ ပြည့်အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေး ပို့ခဲ့ပြီး UWSA အား NCA လက်မှတ်ရေးထိုးရေး၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် တိုက်တွန်းပြောဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာကို အလုပ်သမားနဲ့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးဦးသိန်းဆွေက ဖတ်ကြားခဲ့သည်။

ယနေ့ကျင်းပသည့် အဆိုပါ ငြိမ်းချမ်းရေးအခမ်းအနားသို့ တရုတ်နိုင်ငံမှ အရှေ့တောင်အာရှ အထူးကိုယ်စား လှယ် မစ္စတာဆွန်းကော်ရှန်းလည်းတက်ရောက်ခဲ့သည်။ ထို့အပြင်အစိုးရကိုယ်စားလှယ်များ၊ငြိမ်းချမ်းရေး ကော်မရှင်မှတာဝန်ရှိသူများ၊အပစ်ရပ်လက်မှတ်ရေးထိုးအဖွဲ့မှခေါင်းဆောင်များနှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ FPNCC မှထိပ်သီးခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။

မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “အဓိကတော့ ထူထောင်ဆဲ ‘ဝ’ ပြည်နယ်လို့ သုံးတယ်ဗျ။ ကပွဲတွေမှာရော ဒီပွဲတလျှောက်မှာပေါ့၊ ဒီပွဲကို အားလုံးကို ဖိတ်လိုက်တာက ‘ဝ’ ပြည်နယ်တစ်ရပ်ထူထောင်နိုင်တဲ့ သူတို့မှာ လုပ်နိုင်စွမ်းရှိပြီဆိုတာ ဖော်ပြချင်တာဖြစ်တယ်။ အခုက သူတို့မှာ သတ္ထုတွင်းတွေရှိတယ်၊ ရွှေထွက်တယ်၊ ရာဘာခြံတွေ ဧကသိန်းနဲ့ ချီရှိတယ်၊ သယံဇာတတွေထွက်တယ်၊ ဖွဲ့စည်းပုံရှိတယ်၊ ဒါတွေကို ပွင့်ပွင့် လင်းလင်းဖော်ပြတာဖြစ်တယ်။” ဟု ပြောသည်။

“သူတို့ အနေနဲ့ သူတို့ဒေသကို ကောင်းကောင်းမွန်မွန်ပြောင်းလဲနိုင်ပြီဆိုတာကို ပြတာ၊ နိုင်ငံခြား သံတမန်တွေရော၊ နိုင်ငံခြားသတင်းထောက်တွေရောကို ဖိတ်ပြီးပြတယ်၊ ပိတ်တာကတော့ အစိုးရက ပိတ်လိုက်လို့သာ လာလို့မရတာကိုး။ ဒီလိုချပြချင်တာက သူတို့ ‘ဝ’ ပြည်နယ်ဆိုတဲ့အဆင့်အတန်းကို လိုချင်လို့ ကြိုးစားနေတာဆိုကို ဖော်ပြတာ ဖြစ်တယ်”ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်ကလည်း အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး “ဝ” ဒေသဖွံ့ဖြိုးရေးနှင့် ရည်ရှည်တည်တံ့သော ငြိမ်းချမ်းရေး ရစေလိုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

“ဝ” ဒေသည်အစိုးရတပ်မတော်နှင့်ပစ်ခိုက်တိုက်ခိုက်များမရှိသောဒေသတစ်ခုဖြစ်ပြီးသီးသန့်ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်မျိုးကိုရရှိထားသည့်ဒေသတစ်ခုဖြစ်သည်။

၁၉၈၉ခုနှစ်ကဗမာပြည်ကွန်မြူနစ်ပါတီ အတွင်းတပ်တွင်းပုန်ကန်မှုများဖြစ်ကာဧပြီလ(၁၇) ရက်နေ့တွင်ခွဲထွက် ကာUWSA ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။

တပ်အင်အားသုံးသောင်းခွဲခန့်ရှိပြီးတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထဲတွင်အင်အားအတောင့်တင်းဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

ယနေ့ကျင်းပသည့် အခမ်းအနားသို့ လူဦးရေ နှစ်သောင်းတက်ရောက်ခဲ့သည်။

September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...