ရေလွှဲတံတားလုပ်ပေးရန် မံစီ လွှတ်တော်ကိုယ်စားလှယ် ဒုတိယအကြိမ် တောင်းဆို

ရေလွှဲတံတားလုပ်ပေးရန် မံစီ လွှတ်တော်ကိုယ်စားလှယ် ဒုတိယအကြိမ် တောင်းဆို

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ဟန်ထက်-မန်သဲရွာချင်းဆက် တာရိုးပေအရှည် ၁၂၀ ခန့်ရှိသည့် တာရိုးဘောင် ပေါက်ပျက်စီးမှုကြောင့် လယ်ယာမြေများ ရေနစ်မြုပ်ခြင်း၊ ဒေသခံများ သွားလာရန် ခက်ခဲနေကြောင်း မံစီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းထံမှ သိရသည်။

ထို့ကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ ဒေသခံများ သွားလာမှု လွယ်ကူစေရန်အတွက် ရေလွှဲပေါက်တံတားပြုလုပ်ပေးရန် ဒုတိယအကြိမ်မြောက် ကချင်ပြည်နယ် လွှတ်တော်အထူးအစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

“လွှတ်တော်မှာလည်း တင်ခဲ့တယ်။ လွှတ်တော်ပြီးသွားတဲ့အချိန်မှာ အပြင်မှာ ဘဏ္ဍာစီမံဝန်ကြီး နှုတ်ကတိပေးသွားတာတော့ ရှိတယ်။ သူ့အနေနဲ့ ၂၀၁၉- ၂၀၂၀ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ဖို့ ဘတ်ဂျတ်တင်ပေးသွားမယ်ဆိုပြီး ပြောခဲ့တယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေသခံများ ယာယီ ဝါးတံတားကို အသုံးပြုနေပြီး ယာဉ်ကြီးများ သွားလာရန် အဆင်မပြေကြောင်း သိရသည်။ အဆိုပါ ဟန်ထက်-မန်သဲရွာသည် စုစုပေါင်း အိမ်ခြေ ၇၀၀ ခန့်ရှိပြီး ဒေသခံအများစုသည် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းပြုသူများဖြစ်ကြောင်း သိရသည်။

အဆိုပါ တာရိုးပျက်စီးမှုကြောင့် လက်ရှိတွင် ဒေသခံတောင်သူ ၁၂ ဦးတို့၏ လယ်မြေဧက ၁၂၀ ခန့်ပျက်စီးဆုံးရူံးသည့်အပြင် ကျောင်းသူ/သား (၁၀၀)ကျော်နှင့် ကျေးလက်နေ ပြည်သူများ တစ်ရွာနှင့်တစ်ရွာကြား သွားလာရန် အခက်ခဲ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွှန့်မှ ပြန်လည်ဖြေကြားရာတွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍနှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ဘတ်ဂျတ်တောင်းခံပေးမည်ဖြစ်ပြီး ဘတ်ဂျတ်ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...