အစိုးရ လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ဖားကန့် ရေမဆေးသမား ၁ဦး ဒက်ရာရ

အစိုးရ လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ဖားကန့် ရေမဆေးသမား ၁ဦး ဒက်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ သက်ကယ်ကုန်းကျေးရွာအနီး ယမန်နေ့ နေ့လည် ၃:၄၅ ခန့်တွင် ဂျိတ်ပါဝါ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီလုပ်ကွက်တွင် ရေမဆေးကျောက်စိမ်း ကောက်သမား တစ်ဦိးကို အစိုးရလုံခြုံရေး ရဲမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

 

ပစ်ခတ်ခံရသူမှာ အသက် (၂၂)နှစ်အရွယ် ရခိုင်ပြည်နယ်မှ မောင်ထွန်းငြိမ်း ဆိုသူ ဖြစ်ပြီး ၎င်း၏ လက်မောင်းဆုံတွင် ကျည်ဆံဖောက်ဝင်ခဲ့ပြီး ယခုဖားကန့်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်ရတာက ကုမ္မဏီလုပ်ကွက်ထဲကို သတ်မှတ်ချိန်ထက်စောပြီး ဝင်ဖို့ကြိုးစားတာကြောင့် ရေမဆေးသမားနဲ့ ရဲ နှစ်ဦး ရုန်းရင်းဆန်ခတ်နဲနဲဖြစ်တာပေါ့။ ဒါနဲ့ ခြောက်လှန့်ပစ်ခတ်ရင်း ဖြစ်သွားရဒါ” ဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က KNG ကချင်သတင်းဌာန ကို ပြောခဲ့သည်။

မောင်ထွန်းငြိမ်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး “လူအုပ်က၂၀၀၀ လောက် ဝိုင်းအော်ကြဟစ်ကြနဲ့ဆိုတော့ ခြောက်လှန့်ပြစ်ခတ်လိုက်တဲ့ သဘောပါ။ သူတို့ကို တိုက်ရိုက်ပစ်ဒါတော့ မဟုတ်ဘူး မြေမှန်ပြီး ပြန်စင်ပြီးတော့ ထိဒါလို့” ၎င်းက ဆက်ဆိုသည်။

 

ယခုလို ပစ်ခတ်မှုကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ကို ရေမဆေးသမားများ ဝိုင်းဝန်းရိုက်နှက်မှု ရှိခဲ့ကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...