Nippon အထောက်ပံ့ အစိုးရနယ်မြေ စစ်ရှောင်များကို ဦးစားပေး ကူညီရန် စီစဉ်

Nippon အထောက်ပံ့ အစိုးရနယ်မြေ စစ်ရှောင်များကို ဦးစားပေး ကူညီရန် စီစဉ်

ကချင်စစ်ဘေးရှောင်ပြည်သူများအတွက် ဂျပန်အစိုးရ၏ လူမူကူူညီရေးအဖွဲ့ဖြစ်သည့် The Nippon Foundation မှ ဒေါ်လာ ၃သိန်းကို လာမည့် ဧပြီလ ဒုတိယအပတ်မှ စတင်ကာထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာနမှ Sara Hka Li (ဆရာခါးလီ) က ခုလိုပြောသည်။

“ပထမဆုံးအနေနဲ့ စံပြမှာရှိတဲ့ စစ်ရှောင်တွေအတွက် အပြောင်းအရွှေ့အရင်လုပ်မှာဖြစ်တယ်။ အစာခေါင်းပါးမှုကို ဖြေလျှော့ဖို့အတွက် အသက်ဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတွေ၊ လိုအပ်တဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ပေးသွားမယ်။ အဓိကတော့ အစိုးရထိန်းချုပ်ထားရာ နယ်မြေက စစ်ရှောင်တွေကို ဦးစားပေးသွားမယ်” ဟု ဆိုသည်။

ယခုလို အစိုးရထိန်းချုပ်ရာနေရာကို ဦးစားပေးခြင်းသည် The Nippon Foundation လာရောက်ကွင်းဆင်းချိန်၌ လွယ်ကူစွာ သွားလာနိုင်သည့်နေရာဖြစ်သည့်အတွက် ဦးစားပေးရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ရှောင်များအတွက် လိုအပ်သည့်အဆောက်အဦးများအား မိုးရာသီမရောက်မီ အပြီးဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ယခုထောက်ပံ့ခဲ့သည့် ထောက်ပံ့ငွေများသည် စစ်ရှောင်အားလုံးအတွက် ထောက်ပံ့ရန် လုံလောက်မှု မရှိသေးသည့်အတွက် စစ်ရှောင်အိမ်ခြေ ၁၀၅၀ ခန့်ကိုသာ ဦးစွာ ထောက်ပံ့ပေးသွားအုံးမည်ဖြစ်ပြီး The Nippon Foundation မှ လိုအပ်သည်များကို ဆက်လက် ထောက်ပံ့ပေးဦးမည်ဟု ပြောဆိုခဲ့ကြောင်း Sara Hka Li က ဆိုသည်။

အဆိုပါထောက်ပံ့ငွေကို ဧပြီလ ၄ ရက်နေ့ မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး Kachin Humanitarian Concern Committee ခေါင်းဆောင်ကို တာဝန်ယူထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဥက္ကဌ Rev. Dr. Hkalam Samson က ခုလိုပြောသည်။

“ပထမအကြိမ်တွေ့ဆုံခဲ့တုန်းကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ NCA (ငြိမ်းချမ်းရေး သဘောတူညီမူ စာချုပ်) ချုပ်ဆိုမှ ကူညီနိုင်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒုတိယအကြိမ်တွေ့ဆုံမူမှာတော့ သူတို့အနေနဲ့ ကူညီတယ်ဆိုတာ NCA ထိုးတာနဲ့ မဆိုင်ဘူး အဲဒါကြောင့် ကချင်လွှတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာနယ်မြေမှာ ရှိတဲ့ စစ်ရှောင်တွေ အစိုးရထိန်းချုပ်မူအောက်မှာ ရှိတဲ့ စစ်ရှောင်အားလုံးကို ကူညီမယ်ဆိုပြီး ပြောသွားတဲ့အတွက် မနေ့ကတော့ သူတို့ပြောထားတဲ့အတိုင်း လာထောက်ပံ့သွားတာဖြစ်တယ်။” ဟု Kachin Humanitarian Concern Committee ခေါင်းဆောင် တာဝန်ယူထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဥက္ကဌ Rev. Dr. Hkalam Samson ကပြောသည်။

ကချင်စစ်ရှောင်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်ဦးရေ ၈သောင်း ခန့်ရှိပြီး အစိုးရထိန်းချုပ်ရာနယ်မြေတွင် စစ်ရှောင် ၄သောင်းရှိကြောင်း စစ်တမ်းများအရ သိရသည်။

The Nippon Foundation နှင့် ကချင်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များသည် လွန်ခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလတွင် ပထမအကြိမ်တွေ့ဆုံခဲ့ပြီ ဒုတိယအကြိမ်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ချင်းမိုင်တွင် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်ရှောင်များအားလုံးအတွက် ကူညီရန်သဘောတူခဲ့ခြင်းဖြစ်သည်။

စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီးလည်း ကချင်လွတ်လပ်ရေး နှင့် တပ်မတော်ကြား ညှိနိုင်းမှုများပြုလုပ်ရာတွင် ၎င်းတို့ကလည်း အတတ်နိုင်ဆုံး ညှိနိုင်းမှုမျိုးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

The Nippon Foundation နှင့် ကချင်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များသည် ယခုနှစ်မေလအတွင်း ထပ်မံတွေ့ဆုံရန်ရှိပြီး စစ်ရှောင်များ နေရပ်ပြန်ခဲ့ရင် ဆက်လက်ထောက်ပပေးသွားမည်ဟု The Nippon Foundation မှ တာဝန်ရှိသူများက ပြောကြားသွားကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...