စစ်ရှောင်ခေါ်ထုတ်ရေး ကြိုးပမ်းသူ Nang Pu အကျဉ်းထောင်မှ လွတ်လာ

စစ်ရှောင်ခေါ်ထုတ်ရေး ကြိုးပမ်းသူ Nang Pu အကျဉ်းထောင်မှ လွတ်လာ
ဧပြီ ၅၊ ၂၀၁၉ မနက်ပိုင်း မြစ်ကြီးနား အကျဉ်းထောင်မှ ထွက်လာသော ဆရာမ နန်ပူ
ဧပြီ ၅၊ ၂၀၁၉ မနက်ပိုင်း မြစ်ကြီးနား အကျဉ်းထောင်မှ ထွက်လာသော ဆရာမ နန်ပူ

ကချင်ပြည်နယ် တိုက်ပွဲဖြစ်ပွားသောနေရာများမှ စစ်ပြေးပြည်သူများ ခေါ်ထုတ်ရေး လူထုဆန္ဒပြပွဲ ဦးဆောင်ပြုခဲ့မှုကြောင့် ဖမ်းဆီး ထောင်ချခြင်း ခံရသူ လူငယ်ခေါင်းဆောင် (၃)ဦးအနက် Saranum Nbau Nang Pu (ဆရာမ နန်ပူ) ယနေ့ ဧပြီလ ၅ ရက်နေ့ မြစ်ကြီးနား အကျဉ်းထောင်က ထွက်လာပြီဖြစ်သည်။

ယခုလိုလွတ်မြောက်လာသော်လည်း သူမနှင့်အတူ တရက်တည်း တချိန်တည်းမှာ ဖမ်းဆီးထောင်ချခြင်းခံရသည့် ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ် သည် လွတ်လာခြင်း မရှိသောကြောင့် စိတ်မကောင်းဖြစ်နေကြောင်း Nang Pu က ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

 

“အခုလိုလွတ်မြောက်လာတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျမနဲ့အတူ အကျဉ်းချခံရသော ဦးလွမ်းဇောင်း နဲ့ ဦးဇော်ဂျတ် မလွတ်လာတဲ့အတွက် စိတ်မကောင်းဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ကို အပြစ်မရှိဘူးလို့ လွှတ်ပေးဖို့မျှော်လင့်တယ်။ ဒါပေမယ့် ကချင်ပြည်နယ်တရားရုံးမှာ အယူခံတင်လိုက်တဲ့အခါ ကျမတို့ကို အပြစ်ရှိတယ်လို့ ပယ်ချ လိုက်တာ ဖြစ်တယ်။ ဒါကြောင့် လွတ်လာခဲ့ပေမယ့် မတရားမှုတွေက ကျမတို့ဘက်မှာ ရှိနေသေးတယ် ဆိုတာ သိရတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်တရားရုံးက ဇန်နဝါရီ လဆန်းက လူငယ်ခေါင်းဆောင် (၃)ဦး၏ အယူခံတင်ပြထားချက်ကို မတ်လ ၂၉ ရက်နေ့ ကြားနာပြီး ဆရာမ Nang Pu ၏ ကျန်းမာရေးမကောင်းကြောင်း တင်ပြချက်ကို လက်ခံပြီး ထောင်ဒဏ် ၆လ ပြစ်ဒဏ်ကို ၂လ လျှာ့ပေးရန် စီရင်ခဲ့သည်။

၂၀၁၈ ဧပြီလ ၃၀ မှ မေလ ၈ရက်ထိ မြစ်ကြီးနားမြို့တွင်စစ်ရှောင်ပြည်သူများလွတ်မြောက်ရေး ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်ခဲ့သောကြောင့်

ဆရာမ နန်ပူ၊ ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ် တို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုကာ အသေဖျက်မှု ပုဒ်မှု ၅၀၀ဖြင့် မြစ်ကြီးနာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ယင်းအမှုကိုပတ်သက်ပြီး လူငယ်ခေါင်းဆောင် ၃ဦးပေါ် မြစ်ကြီးနားမြို့နယ် တရားရုံးက ၂၀၁၈ ဒီဇင်ဘာလ ၇ ရက်နေ့ ထောင်ဒဏ် ၆လ နှင့် ငွေဒဏ် ကျပ် ၅သိန်း စီ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခုလို စီရင်မှုလုပ်ရပ်သည် တရားမျှတမှု မရှိကြောင်း အမေရိကန်နှင့် EU ဥရောပ ယူနီယံ များက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...