ကချင်ဒုက္ခသည်များအတွက် ပထမဆုံး ဂျပန် အကူညီ လက်ခံရရှိ

ကချင်ဒုက္ခသည်များအတွက် ပထမဆုံး ဂျပန် အကူညီ လက်ခံရရှိ

ပထမဆုံး ဂျပန်အစိုးရ လူမှုဖွံ့ဖြိုးရေးအကူညီပေးအဖွဲ့ The Nippon Foundation ၏ ကချင်စစ်ပြေးဒုက္ခသည်များအတွက်ပေးသော အကူညီ ဒေါ်လာ ၃သိန်းကို ယမန်နေ့ ဧပြီလ ၄ရက်မှာ လက်ခံရရှိကြောင်း ကချင်စစ်ပြေးဒုက္ခသည်ကူညီရေးကော်မတီ (KHCC) က ဆိုသည်။

ဒုက္ခသည်အကူညီငွေကို မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးသို့ The Nippon Foundation ဝန်ထမ်းများ လာရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ဒီရရှိတဲ့အလှူငွေတွေကို အစိုးရထိန်းချုပ်နယ်မြေက စစ်ရှောင်တွေနဲ့အစိုးရထိန်းချုပ်မှုပြင်ပက စစ်ရှောင်တွေ နောက်ပြီးနေရပ်ပြန်စစ်ရှောင်များဖြစ်စေ၊ မပြန်သေးတဲ့စစ်ရှောင်များဖြစ်စေ တကယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ” ဟု KHCC ခေါင်းဆောင်နှင့် KBC ဥက္ကဌ Rev. Dr. Hkalam Samson မှ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

Nippon Foundation က ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးအတွက် အကူညီများ ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း Kachin Humanitarian Concern Committee က ဆိုသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ နှစ်ဖက်သဘောတူသောနေရာတွင် စစ်ရှောင်များ တရားဝင် နေရပ်ပြန်လာနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရနှင့် အကူညီပေးအဖွဲ့စည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ KHCC ပြုလုပ်နေသည်ဟု Rev. Dr. Samson က ဆိုသည်။

ယခင် Nippon က အစိုးရထိန်းချုပ်မှုပြင်ပတွင်ရှိသောစစ်ရှောင်များကိုကူညီရန်ခက်ခဲမှုရှိပြီး KIO က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး ရရှိမှသာ ကူညီပေးနိုင်မည်ဟု ဆိုသောကြောင့် အဆင်မပြေမှုရှိခဲ့သော်လည်း စစ်ရှောင်များသည် အစိုးရထိန်းချုပ်နယ်မြေထက် အစိုးရထိန်းချုပ်မှုပြင်ပတွင် ပိုများကာ အကူအညီများ အမှန်တကယ်လိုအပ်နေကြောင်းရှင်းပြမှုပေါ်လက်ခံလာသောကြောင့် ယခုလို အကူညီပေးခြင်းဖြစ်ကြောင်း Rev. Dr. Samson က ဆိုသည်။

KHCC စာရင်းအရ ကချင်ပြည်နယ်အတွင်း အစိုးရထိန်းချုပ်နေရာများတွင် စစ်ရှောင် ဦးရေ ၄၀၀၀၀ ကျော်ရှိပြီး KIO ထိန်းချုပ်နေရာများတွင် ၈၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...