၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုထောက်ခံပွဲ ဖားကန့် တွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုထောက်ခံပွဲ ဖားကန့် တွင် ပြုလုပ်

၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအတွက် လူထုထောက်ခံဆန္ဒပြပွဲကြီးကို ကချင်ပြည်နယ် ဖားကန့်မြို့ လွတ်လပ်ရေးကျောက်တိုင်တွင် ယနေ့ ဧပြီ ၃ရက်နေ့ ပြုလုပ်ပါသည်။

ဆန္ဒပြပွဲပြုလုပ်ရခြင်းမှာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် လုပ်ဆောင်မှုပေါ် တပ်မတော်က ကန့်ကွက်နေသောကြောင့် ဖားကန့်အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ၂၀၀၈ အခြေခံ ဥပဒေကို ဆက်လက် ပြင်ဆင်နိုင်ရန် ထောက်ခံသည့် ဆန္ဒပြပွဲဖြစ်ကြောင်းကို ဦးဆောင်ကော်မတီမှ တာဝန်ရှိသူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (Green Land) ဥက္ကဌ ဦး Ying Hkaw က ကချင်သတင်းဌာန KNG ကို ယခုလိုရှင်းပြသည်။

 

“ဒီ ၂၀၀၈ အခြေခံ ဥပဒေက စစ်တပ်က ပြဌာန်းထားတာဖြစ်တယ်။ ဒါကို ပြည်သူထုက မလိုလားဘူး။ လက်ရှိအစိုးရက ဒါကို ဦးဆောင်ပြီး ပြင်ဆင်ရန်လုပ်ဆောင်နေတယ်။ ဒါကို စစ်တပ်က ၂၅ရာခိုင်နှုန်းကန့်ကွက်နေတယ်။ ဒီအခြေခံ ဥပဒေကို ပြင်ဆင်ရန် ကျနော်တို့ ပြည်သူလူထုတွေက သဘောတူတယ်။ ဒါကြောင့် ဆန္ဒပြပွဲပြုလုပ်တာဖြစ်တယ်” ဟု ပြောဆိုခြင်းဖြစ်သည်။



၂၀၀၈အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြပွဲများပြုလုပ်ခြင်းသည် ‘အကျိုးသက်ရောက်မှု သိပ်မရှိကြောင်း’ ကို ကချင်အမျိုးသားကွန်ဂရက် (Kachin National Congress) ပါတီ ဥက္ကဌ Dr. Kawn La က ယခုလို သုံးသပ်သည်။

 

“ ဒီ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြပွဲနဲ့သာ လုပ်နေရင် သိပ်အကျိုးသက်ရောက်မှုရှိမယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကနိုင်ငံရေးလေ။ တကယ်လုပ်ချင်ရင် နိုင်ငံရေးဆွေးနွေးရေးတွေ အကောင်အထည်ဖော်ရမယ်။ ဒါကတကယ့်နိုင်ငံရေးပြဿနာဖြစ်တယ်။ သူတို့သာ ဒီဟာကို လုပ်ဖို့စေတနာရှိတယ်ဆိုရင် NLD လည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ရမယ်။ USDP နဲ့ တပ်မတော်လည်း ကြိုးပမ်းစေချင်တယ်” ဟု ဆိုသည်။

 

ယနေ့ ဆန္ဒပြတောင်းဆိုရာတွင် ပြည်သူလူထု ၂၀၀၀ ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးကို ထောက်ခံကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ထုတ်ဖော်ခဲ့ကြပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...