မြစ်ဆုံစီမံကိန်း လုံးဝရပ်သွားထိတိုင် လူထုတိုက်ပွဲ လုပ်ဆောင်သွားမည်

မြစ်ဆုံစီမံကိန်း လုံးဝရပ်သွားထိတိုင် လူထုတိုက်ပွဲ လုပ်ဆောင်သွားမည်

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အပြီးသတ် ရပ်တန့်ရန် တောင်းဆိုနေသော ပြည်သူလူထု၏ ဆန္ဒကို တာဝန်ယူဆောင်ရွက်ခြင်းမရှိပါက လူထုတိုက်ပွဲနှင့် ရပ်ဆိုင်းသွားသည့်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

 

မြစ်ဆုံနှင့်ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးပြုလုပ်ရခြင်းမှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်ရေးဟာ ဗမာပြည်သူများအတွက် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တော့ကြောင့် စီမံကိန်းကို အပြီးရပ်တန့်နိုင်ရန် အစည်းဝေးလုပ်ဆောင်ရခြင်းဖြစ်သည်ဟု အစည်းဝေး တာဝန်ခံမှ ပြောဆိုခွင့်ရှိသူ ဦးအောင်မြင့်က ကချင်သတင်းဌာန KNG ကို ပြောသည်။

 

“ဒီအစည်းအဝေးက မြစ်ဆုံစီမံကိန်းကိုအပြီးသတ်ရပ်တန့်နိုင်ရန် ပြုလုပ်တဲ့အစည်းအဝေးဖြစ်တယ်။ ဒါက ဗမာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရင် ဗမာနိုင်ငံလုံးရဲ့ ကံကြမ္မာကိုရိုက်ချိုးဖျက်စီးလိုက်မယ့် စီမံကိန်းဖြစ်တယ်။ ကျနော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ မြစ်ဆုံစီမံကိန်းကို လုပ်ဖို့အားထုတ်နေတဲ့ သူတိုင်းဟာ အမျိုးသား သစ္စာဖောက်တွေဖြစ်သလို မြစ်ဆုံစီမံကိန်းဖျက်သိမ်းရန်ဆောင်ရွက် နေတဲ့သူတွေကို ကန့်ကွက်ရှုံ့ချသူတွေဟာ အမျိုးသား သစ္စာဖောက်တွေဖြစ်တယ်” ဟုပြောဆိုသည်။

 

အစိုးရက ဒီမိုကရေစီအစိုးရစနစ်ဆိုရင် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ အကျိုးပြုရေးကိုရှေ့ရှု့လုပ်ဆောင် ပေးရမည်ဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးမရှိသော စီမံကိန်းများကို ရပ်တန့်ပေးရန်လုံးဝ တာဝန်ရှိကြောင်း ဆက်လက် ပြောဆိုသည်။

 

ပြည်သူလူထု အများကန့်ကွက်နေသည့် မြစ်ဆုံစီမံကိန်းကို ဆက်လက်မဆောက်လုပ်သင့်ကြောင်းနှင့် လုံးဝရပ်ဆိုင်းသင့်ကြောင်းကို အငြိမ်းစား မိုးလေဝသ ညွန်ချုပ် ဦးထွန်းလွင် က ပြောဆိုသည်။

ထိုအစည်းဝေးတွင် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၏ သဘောထားများကိုဆွေးနွေးခဲ့ပြီး မြစ်ဆုံစီမံကိန်းအပြီးသတ်ရပ်ဆိုင်းရန် ဦးဆောင်ကော်မတီနှင့် ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

 

၎င်းထုတ်ပြန်ချက်မှာ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်၍ စီမံကိန်းအား ဆက်လက်ဆောင်ရွက်မည် ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တကွ လက်ရှိဖြတ်သန်းရေသော ဒီမိုကရေစီလမ်းသည်လည်း ထိခိုက် ပျက်စီးမှုများနှင့်မလွဲမသေ ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံဆိုင်ရာ အစည်းဝေးက ကြေညာအပ်ကြောင်း ထုတ်ပြန်ချက်မှ တွေ့ရသည်။

 

အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်းခန်းမတွင် ဧပြီလ (၁)ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး အစည်းဝေးတွင် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၅၀၀ကျော်ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...