မွန်ပြည်သစ်ပါတီ JMC-S တွင် ပါဝင်ရန်ကြိုးပမ်းမှု မပြေလည်သေး

မွန်ပြည်သစ်ပါတီ JMC-S တွင် ပါဝင်ရန်ကြိုးပမ်းမှု မပြေလည်သေး

တစ်နှစ်ကျော် ကြိုးပမ်းခဲ့သော်လည်း မွန်ပြည်သစ်ပါတီအနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် ပါဝင်နိုင်ရေး ဆွေးနွေးမှု ပြေလည်မှုမရရှိသေးဘူးဟု မွန်ပြည်သစ်ပါတီ က ပြောသည်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီကို အစိုးရက မွန်ပြည်နယ် JMC-S တွင်သာ ပါဝင်ခွင့်ပေးသည့်အပေါ် မွန်ပြည်သစ်ပါတီကလည်း လက်မခံကြောင်း ပြည်နယ်နှစ်ခုဖြစ်သည့် မွန်နှင့် ကရင်အပြင် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာရမှသာ ပါဝင်မည်ဟု မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ က ပြောသည်။

“ကရင်ကျတော့ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး ၄ နေရာ ပါဝင်ခွင့်ရတယ်၊ မွန်ပြည်သစ်ကျတော့ မွန်ပြည်နယ် တစ် နေရာပဲပေးတယ်၊ ကရင်မှာလည်း မွန်ပြည်သစ်တပ်ဖွဲ့တွေ လှုပ်ရှားနေတာအများကြီးရှိတယ်၊ တနင်္သာရီဘက်မှာ လည်း လှုပ်ရှားနေတာအများကြီးရှိနေတာကို မပေးတော့ ကျနော်တို့လည်း တစ်နေရာမှ မယူဘူး၊ ဒါက မဖြစ်သင့် ဘူးပေါ့လေ။” ဟု နိုင်ဟံသာက ပြောသည်။ “JMC ဆိုတာကလည်း အဓိက တပ်တွေကို ထိန်းသိမ်းဖို့အတွက်ပဲ ဘာမှလည်း အခက် အခဲ ရှိတာမဟုတ်ဘူး။ ဥပမာ ကျနော်တို့ ပါဝင်ခွင့်မရဘူးဆိုရင် ပြဿနာဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဒီလောက် လေးတောင် ပါဝင်ခွင့်မရဘူးဆိုရင် ဒါမမျှတဘူး၊ မတရားဘူး။ အဲဒါကြောင့် ကျနော်တို့က တစ်နေရာမှ မယူဘူး မပါဝင်ဘူး”

မွန်၊ ကရင်နှင့် တနင်္သာရီ (JMC-S) ၃ နေရာစလုံးပါဝင်နိုင်ရေး တင်ပြဆွေးနွေးခဲ့သော်လည်း တစ်နှစ်ကျော်လာ သည်ထိ ပြေလည်မှုမရှိသေးကြောင်း လက်ရှိတွင် JMC-U တွင်သာ ပါဝင်သေးကြောင်း နိုင်ဟံသာက ဆက်ပြော သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေ ရှင်းနိုင်ရန်အတွက် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်မတော်မှ သိမ်းယူထားသည့် တပ်တည်နေရာအချို့ကို ပြန်လည်လွှဲပေးရန်နှင့်  မွန်၊ ကရင်၊ တနင်္သာရီတို့ရှိ အဖွဲ့များတွင် ပါဝင်ခွင့်ရရန် ဆွေးနွေးတောင်းဆိုလာခဲ့သော်လည်း ယနေ့တိုင် ပြေလည်မှုမရှိသေးဘူးဟုလည်း ပြီးခဲ့သည့် မွန်အမျိုးသားနေ့တုန်းက ထုတ်ပြန်ထားသည်။

ခွဲမထွက်ရေးကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စနှင့် ပတ်သက်၍လည်း တစ်ဆို့မှုများရှိနေခြင်း ကြောင့် ဆက်လက်ကျင်းပရန်ရှိသော စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို သတ်မှတ်သည့် အချိန်အတိုင်း မကျင်းပနိုင်သေးခြင်းဖြစ်သည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထိုကဲ့သို့သော အကြောင်းများကြောင့် ပါတီဝင်များ၊ မွန်ပြည်သူများအနေဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် အစိုးရ၊ တပ်မတော်တို့အပေါ် ယုံကြည်မှု လျော့နည်းလာနေသည်ဟု မွန်ပြည်သစ်ပါတီ က ပြောသည်။

September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...