ဖားကန့်ကျောက်စိမ်းမှော် ကျေးရွာတွင် ရေရှားပါးမှုအန္တရာယ် ရင်ဆိုင်နေရ

ဖားကန့်ကျောက်စိမ်းမှော် ကျေးရွာတွင် ရေရှားပါးမှုအန္တရာယ် ရင်ဆိုင်နေရ

ကချင်ပြည်နယ် အဖိုးတန်ကျောက်စိမ်းထွက်ရှိသည့် ဖားကန့်မြို့နယ် မှော်ဝမ်းကလေးကျေးရွာရှိ ပြည်သူများသည် ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်နေကြရကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။

နှစ်စဉ်ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရသော်လည်း ယခုနှစ်မှာမူရေရှားပါးမှုဒဏ် ပိုမိုဆိုးရွားလာခြင်း ဖြစ်ပါသည်။

“ခါတိုင်းနှစ်ကတော့ ဒီချိန်ဆို ရေတွင်းတွေမှာ ရေနည်းနည်းတော့ ရှိသေးတယ်။ ဒါပေမယ့် ဒီနှစ်က ပိုဆိုးလာတယ်။ သောက်ရေကတော့ ဝယ်သောက်လို့ရတယ်။ ဒါပေမယ့် သုံးရေကတော့ လုံးဝမရှိတော့ဘူး။ ခုလောလောဆယ် ကျေက်စိမ်းကုမ္ပဏီတွေက မှော်ထဲက ရေစုတ်တင်ပေးတယ်။ အဲဒါလည်း အချိန်ပိုင်းနဲ့ ပေးတာဆိုတော့ ရေပေးမယ့်အချိန်သွားစောင့် ယူရတာ။ အဲဒီချိန်မမှီလိုက်ရင်တော့ မရတော့ဘူး။ ဒါပေမယ့် လုံလောက်တာမရှိဘူး။ ဒီနေ့တော့ ရေစုတ်တင်တာလည်း မတွေ့ရသေးဘူး။” ဟု နာမည် မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

မှော်ဝမ်းကလေးကျေးရွာ ပတ်ပတ်လည်တွင် ကျေက်စိမ်းလုပ်ကွက်များရှိပြီး လုပ်ကွက်များသည် အနက်ပေ ၄၅၀ ခန့်ရှိကာ ကျေးရွာတွင်းရှိ ရေတွင်းများသည် ပေ ၇၀ ဝန်းကျင်သာ ရှိသည့်အတွက် ရေတွင်းများသည် အပေါ်သို့ ရောက်ရှိသွားပြီး ရေကြောများ မှော်တွင်းသို့သာ စိမ့်ဝင်သွားသည့် အတွက် ရေရှားပါးမှုများ ပိုမို ဖြစ်လာကြောင်း ၎င်းကဆက်ပြောသည်။

“လောလောဆယ်ကတော့ N’ma Hka (အင်မားချောင်း)ကနေ ရေစုတ်စက် နှစ်လုံးနဲ့ရေသွယ်ယူဖို့ လုပ်နေတယ်။ နောက် ၅ ရက်လောက်နေရင်တော့ အဆင်ပြေမယ်လို့တော့ ထင်တာဘဲ။ ခုတော့ ကုမ္မဏီက ရေစုတ်တင်ပေးနေတယ်။” ဟု ဆယ်အိမ်မှူး Labang Shing Rip က ဆိုသည်။

လတ်တလောတွင် မှော်ဝမ်းကျေးရွာ အုပ်ချူပ်ရေးဘက်မှ ကျောက်စိမ်းကုမ္ပဏီများ ရေပေးဝေနေသော်လည်း လုံလောက်မှု မရှိသေးကြောင်း သိရသည်။

မှော်ဝမ်းကလေးသည် ယခုကဲ့သို့ ရေရှားပါးမှု အန္တာရယ် ကြုံလာသည်မှာ ၄ နှစ်ကျော်ခန့် ရ်ှိလာပြီဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာကြောင်း ဒေသခံများထံမှ ဆိုသည်။

၎င်း ရေရှားပါးမှု အန္တာရယ်လျော့ပါးသွားရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ဒေသခံများပြည်သူများ၊ ကုမ္ပဏီများက ပူးပေါင်းပြီး ငွေကျပ်သိန်း ၁ထောင်ကျော်ကုန်ကျမည့် N’ma (အင်မား) ရေလှောင်ကန်ပြုုလုပ်ရန် စီမံကိန်း ပြုလုပ်နေသော်လည်း နှစ်အနည်းငယ်ကြန့်ကြာအုံးမည်ဖြစ်ကြောင်း ရေရရှိရေးကော်မတီများထံမှ သိရသည်။

မှော်ဝမ်းကလေးကျေးရွာသည် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ဒေသခံများသည် ရေရှားပါးမှုကို သက်ဆိုင်ရာ အစိုးရဌာနများမှ လာရောက်ကွင်းဆင်းကာ ကူညီပေးစေလိုကြောင်း ကချင်သတင်းဌာန KNG သို့ ပြောသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...