မြစ်ကြီးနားဂျာနယ် နှင့် သခင်စစ်ကုမ္ပဏီ အမှုညှိနှိုင်းရန် အဆင်မပြေ

မြစ်ကြီးနားဂျာနယ် နှင့် သခင်စစ်ကုမ္ပဏီ အမှုညှိနှိုင်းရန် အဆင်မပြေ
ဘရန်မိုင်၊ ဝိုင်းမော်မြို့နယ်တရားရုံး
ဘရန်မိုင်၊ ဝိုင်းမော်မြို့နယ်တရားရုံး

မြစ်ကြီးနားဂျာနယ် အမှုဆောင်အယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်တို့အား သခင်စစ်ကုမ္ပဏီမှ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုကို ယနေ့ မတ်လ ၂၅ရက်နေ့တွင် နှစ်ဦး နှစ်ဖက်အား အမှုညှိနှိုင်းရန် တရားရုံးမှ မေးမြန်းခဲ့သော်လည်း အဆင်မပြေသည့်အတွက် အမှုရှေ့ဆက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ကတော့ နှစ်ဖက်စလုံးကို အမှုကိုညှိနှိုင်းမလား ရှေ့ဆက်သွားမလား မေးတယ်။ နှစ်ဖက်လုံးက ညှိနှိုင်းဖို့ အစီစဉ် မရှိတဲ့တွက် အမှုကိုစွဲချက်ပြန်တင်တာပါ။" ဟု တရားစွဲဆို ခံရသူ မြစ်ကြီးနားဂျာနယ်မှ သတင်းထောက် မ မွန်းမွန်းပန်က ပြောသည်။

ယနေ့စွဲချက်ကို လာမည့် ဧပြီ ၁ ရက်နေ့တွင် အတည်ပြုမည်ဖြစ်ပြီး ဧပြီ ၈ရက်နေ့တွင် တရားလိုဘက်မှ သက်သေများအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုသည် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် သခင်စစ်ကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီအား တစ်ရူးငှက်ပျောစိုက်သည်ဟု ဆိုကာ မြစ်ကြီးနားဂျာနယ်မှ ဖေဖော်ဝါရီ ၂၅ရက်နေ့ထုတ် ဂျာနယ်တွင် ဖော်ပြထားမှုကြောင့် သတင်းထောက်နှစ်ဦးအား ၎င်းတို့ ကုမ္ပဏီသို့ ခေါ်ယူကာ ကိုယ်ထိလက်ရောက် စစ်ဆေးမေးမြန်းခဲ့သည့်အတွက် မြစ်ကြီးနား ဂျာနယ်မှလည်း ပုဒ်မ ၅ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် သခင်စစ်ကုမ္ပဏီဘက်မှ စွဲဆိုထားသည့်အမှုသည် တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့် အမှု ဖြစ်သည့်အတွက် ဦးစွာ စစ်ဆေးခြင်းဖြစ်ပြီး  မြစ်ကြီးနားဂျာနယ်မှ စွဲဆိုထားသောအမှုသည် ရဲ အရေးပိုင်အမှုဖြစ်သည့်အတွက် စတင်စစ်ဆေးခြင်းမျိူး မရှိသေးပေ။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...