ကချင် အကျိုးဆောင်ရှေ့နေများ သင်းလုံးကျွတ်အစည်းအဝေး လုပ်

ကချင် အကျိုးဆောင်ရှေ့နေများ သင်းလုံးကျွတ်အစည်းအဝေး လုပ်

မတ်လ ၂၃၊ ၂၀၁၉ အကျိုးဆောင်ရှေ့နေများအသင်း (မြစ်ကြီးနား) သင်းလုံးကျွတ် အစည်းဝေး

မြစ်ကြီးနား အခြေစိုက် အကျိုးဆောင်ရှေ့နေများအသင်း၏ တစ်နှစ်တစ်ခါပြုလုပ်သည့် သင်းလုံးကျွတ် အစည်အဝေးကို မတ်လ ၂၃ရက်နေ့ မြစ်ကြီးနားမြို့ YMCA ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဌာနဆိုင်ရာများ ဥပဒေနှင့်အညီ ရှေ့နေများဘက်မှလိုက်ပါဆောင်ရွက်ခွင့်နှင့် အနောက်အယှက် အတားအဆီးမရှိ ကောင်းမွန်စွာ ဆောင်ရွက်ခွင့်ရရှိရေး၊ ဌာနဆိုင်ရာများနှင့်ဆက်ဆံရာတွင် ရှေ့နေတစ်ဦးမှာ ရှိရမည့်အခွင့်အရေးနှင့် အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ လုပ်ဆောင်နိုင်ရေးကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဌာနဆိုင်ရာတွေက တော်တော်နဲ့တူတူတန်တန် မဆက်ဆံတတ်ကြဘူး။ ဒါကြောင့်မို့ ကျနော်တို့ ဘက်ကလည်း ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးကြတာပါ” ဟု အသင်း၏ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း ကချင်သတင်းဌာန KNG ကို ပြောသည်။

အကျိုးဆောင်ရှေ့နေများအသင်းသည် ဥပဒေနှင့်အညီ ပြည်သူများ၏ အကျိုးစီးပွား ကာကွယ်ပေးနိုင်ရန် နှင့် ဌာနဆိုင်ရာများမှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အစည်းဝေးသို့ မြစ်ကြီးနားမြို့နယ်မှ အများစုနှင့် မိုးကောင်းမြို့နယ်၊ တနိုင်းမြို့နယ်တို့မှ ရှေ့နေ စုစုပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့သည်။

June 16, 2026
ဖားကန့် ၊ ဆယ်ဇင်းကျေးရွာမှာ ဥရုချောင်းရေကြီးရေလျှံဖြစ်ပြီး လူနေအိမ်တွေအပါ...
June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...