နိုင်ငံတော်သမ္မတ ပထမဆုံး ကချင်ပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ပထမဆုံး ကချင်ပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပထမအကြိမ် ကချင်ပြည်နယ်လူထုများနှင့်တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လိုလားသောပြုပြင်ပြောင်းလဲမှုအုပ်ချုပ်ရေးမှာ ‘တရားဥပဒေစိုးမိုးရေး’ ကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုကြောင်းကို ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။

အုပ်ချုပ်ရေးပိုင်းမှာ ပြည်သူလူထုကို အကျိုးမပြုဘဲ အုပ်ချုပ်မည်ဆိုရင် ဒီမိုကရေစီစနစ်နှင့် များစွာကွာခြားသွားမည်ဖြစ်ပြီး ပြည်သူလူထုကို ငြင်းပမ်းနိပ်စက်သလိုဖြစ်သွားနိုင်ကြောင်း တွေ့ဆုံပွဲတွင် သမ္မတကပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးပိုင်းမှာ မည်သူ့ကိုမဆို ငွေကြေး ရာထူး မျက်နှာမလိုက် တရားဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်ဖြစ်တယ်။ ဒါဟာဆိုရင်တရားဥပဒေကို ထောက်ပံ့တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။ နောက်တစ်ခုက ပြည်သူလူထုကို မျက်နှာမူတဲ့ အကျိူးပြုတဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်စေချင်တယ်။ ပြည်သူလူထုကို အကျိုးမပြုဘဲနဲ့ အုပ်ချုပ်မယ့် စနစ်ဆိုရင် ဒီမိုကရေစီစနစ်နဲ့ များစွာကွာခြားသွာနိုင်တယ်။ အားလုံးကပြည်သူလူထုဘဲ။ ဒီအုပ်ချုပ်ရေးတာဝန်ကို ပေးတာကလဲ ပြည်သူလူထုပါဘဲ။ ဒါက ကျနော်ရဲ့ ခံယူချက်ပါ” ဟု ပြောဆိုခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်အတွင်းမှာရှိသည့် စစ်ရှောင်ပြည်သူများကို အထူးဂရုစိုက်ပေးသင့်ကြောင်း ကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

“ဒီကချင်ပြည်နယ်ထဲမှာ ကြီးမားတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ စစ်ရှောင်ပြည်သူတွေရဲ့ နေထိုင်မှုပြသာနာပါဘဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က လူအများနဲ့ နေရတာဖြစ်တယ်။ ကျန်မာရေးတစ်ခုခု ဖြစ်သွားပြီ ဆိုရင် အားလုံးကို ပြန့်သွားဖို့အရမ်းမြန်တယ်။ အဲ့က တစ်ဆင့် မြစ်ကြီးနားမြို့ထဲတစ်ခါတည်းကူးစက်သွားနိုင်တယ်။ ဒါကိုအထူးဂရုစိုက်ပေးရမယ်။ ပြောချင်တာက ကျန်းမာရေးက အရမ်းအရေးကြီးပါတယ်” ပြောဆိုသည်။

တစ်ချို့စစ်ရှောင်များကို ပြန်လည်နေရာချထားရေးဖြင့် ပြန်ခွင့်ပေးတာဖြစ်သလို သို့သော် ပြန်ခွင့်မရရှိသေးသော စစ်ရှောင်များ နေရာအသစ်တွင် နေထိုင်လိုသူများကို ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ အတတ်နိုင်ဆုံးဖြေရှင်းပေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့ သည်။

သို့သော်၎င်းတွေ့ဆုံပွဲတွင် ပြည်သူလူထုအတွက် အဓိက အရေးပါသော ကိစ္စနှစ်ခုဖြစ်သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းရပ်တန့်ရန်နှင့် တရုတ် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး လုံးဝပြောဆိုသွားခြင်း မရှိကြောင်းတွေ့ရသည်။

အဆိုပါတွေ့ဆုံပွဲကို မတ်လ၂၁ရက်နေ့ မွန်းလွဲပိုင်း ၁နာရီခန့်အချိန် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ တွင်ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကချင်ပြည်နယ်အတွင်း ပြုလုပ်ပြီးစီးခဲ့သော ကဏ္ဍအသီးသီးမှ အကြောင်းအရာများကို နိုင်ငံတော်သမ္မတအား တင်ပြခဲ့သည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...