ကချင်ရှေ့တန်း တပ်မတော်စစ်ကြောင်းတွင် နိုင်ငံခြားစစ်သား တွေ့ရ

ကချင်ရှေ့တန်း တပ်မတော်စစ်ကြောင်းတွင် နိုင်ငံခြားစစ်သား တွေ့ရ
ဇွန် ၂၊ ၂၀၁၈ ဒေသခံများ ရိုက်ယူထားသော ဖားကန့်မြို့နယ် ကားမိုင်း ပတ်ဝန်းကျင် တနေရာတွင် မြင်ရသောနိုင်ငံခြားစစ်သားတစ်ဦး။
ဇွန် ၂၊ ၂၀၁၈ ဒေသခံများ ရိုက်ယူထားသော ဖားကန့်မြို့နယ် ကားမိုင်း ပတ်ဝန်းကျင် တနေရာတွင် မြင်ရသောနိုင်ငံခြားစစ်သားတစ်ဦး။

ကချင်ပြည်နယ် ရှေ့တန်းနယ်မြေ မြန်မာအစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှုတွင် နိုင်ငံခြားသား စစ်သားများပါဝင်နေကြောင်း ဒေသခံများ ရိုက်ယူထားသော ဓါတ်ပုံများအရ တွေ့ရပါသည်။

ပြီးခဲ့သည့် ၂၀၁၈ ဇွန်လ ၂ရက်နေ့ ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲ အနီး ရိုက်ယူထားသောဓါတ်ပုံတွင် မြန်မာစစ်သားများနှင့်အတူ နိုင်ငံခြားသား စစ်သား တစ်ဦးကို တွေ့ရသည်။

၂၀၁၁ ခုနှစ် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြန်လည်ဖြစ်ပွားသောတိုက်ပွဲများတွင် မြန်မာစစ်တပ်တွင် နိုင်ငံခြား ကြေးစားစစ်သားများ ပါဝင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါသည်။

သို့သော်လည်း ယခုကဲ့သို့ ဓါတ်ပုံသက်သေ အထောက်အထားများ မရရှိခဲ့ပေ။

တိုက်ပွဲများဖြစ်နေသော တိုင်းရင်းသားဒေသများတွင် စီမံကိန်းကြီးများရှိနေသည့် တရုတ်စီးပွားရေး ကုမ္ပဏီများ၏ လုံခြုံရေးအကျိုးစီးပွားကာကွယ်ပေးရန် အပြစ်မဲ့အရပ်သားသတ်ဖြတ်မှု နာမည်ပျက်စာရင်းဝင် အမေရိကန် ပုဂ္ဂလိက စစ်ဖက်လုံခြုံရေး ကုမ္ပဏီဟောင်း Blackwater ကို တည်ထောင်သူ Navy Seal တပ်ဖွဲ့ဝင်ဟောင်း Erik Prince ဦးဆောင်သော လုံခြုံရေးကုမ္ပဏီကို မြန်မာပြည်မှာအလုပ်လုပ်ရန် အစိုးရခွင့်ပြုခဲ့သည်။

ဖားကန့်မြို့နယ် ကားမိုင်းပတ်ဝန်းကျင် တနေရာမှ ဇွန် ၂၊ ၂၀၁၈ ရက်နေ့ ဒေသခံများ ရိုက်ယူခဲ့သော မြန်မာစစ်သားနှင့် နိုင်ငံခြားစစ်သားတစ်ဦး (ညာ) ပါ ဓါတ်ပုံ။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားသည့် Frontier Service Group (FSG) လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီသည် မြန်မာနိုင်ငံမှာရှိနေသည့် တရုတ်ကုမ္ပဏီများအပါဝင် ဂျပန်၊ ထိုင်းနှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအတွက် နိုင်ငံတကာအဆင့်မီ လုံခြုံရေးဝန်ဆောင်မှုပေးရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှာ မှတ်ပုံတင် ရထားပြီး ဖြစ်သည်။

ယခုလ မတ် (၂၇) တပ်မတော်နေ့ မတိုင်ခင် အစိုးရ၏ ဖိတ်ကြားချက်အရ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အားလုံး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးသောအဖွဲ့နှင့် မထိုးသောအဖွဲ့ ကိုယ်စားလှယ်များ မနက်ဖြန် မတ်လ ၂၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံကြမည်ဖြစ်သည်။

ယင်းတွေ့ဆုံမှုနောက်ပိုင်း ကချင်ပြည်နယ်တွင် တပ်မတော်ထိုးစစ် ပြန်စလာနိုင်ကြောင်း စစ်ရေးလေ့လာသူများ သုံးသပ်ကြပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...