မိုးသီး မုန်တိုင်းကြောင့် Sumprabum စစ်ရှောင်စခန်း နှင့် နေအိမ်များ ပျက်စီး

မိုးသီး မုန်တိုင်းကြောင့် Sumprabum စစ်ရှောင်စခန်း နှင့် နေအိမ်များ ပျက်စီး
မတ်လ ၁၆၊ ၂၀၁၉ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေတဲ့ Um Hta ကျေးရွာ၊ Sumprabum မြို့နယ်
မတ်လ ၁၆၊ ၂၀၁၉ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေတဲ့ Um Hta ကျေးရွာ၊ Sumprabum မြို့နယ်

ကချင်ပြည်နယ် မြောက်ဘက် Sumprabum မြို့နယ်တွင် စနေနေ့ညနေတိုက်ခတ်သော မိုးသီး လေမုန်တိုင်းကြောင့် ကျေးရွာများ၊ စစ်ရှောင်စခန်းများ နှင့် အသင်းတော်အဆောက်အအုံများ ပျက်စီးသွားခဲ့သည်။

လေဘေးဒဏ်ခံရသူများ ယာယီခိုလှုံရန် ပလပ်စတစ်မိုးကာ နှင့် တဲအိမ်များ အရေးပေါ်လိုအပ် နေကြောင်း သိရသည်။

လေပြင်းမုန်တိုင်းကြောင့် Um Hta ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အသင်းတော် အိမ်များပျက်စီးပြီး အသက် (၈၀)ခန့် အဘွား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။

“အသင်းတော်က ရုံးအဆောင်နဲ့ အမှုတော်ဆောင် နေအိမ်လည်းပါသွားတယ်။ နောက် အသင်းတော် က မီးဖိုချောင်နဲ့ စပါးကျီလည်း လည်းပါသွားတယ်” ဟု KBC Hkahku (Sumprabum) ဇုံနယ် အတွင်းရေးမှူး Rev. Sana Yaw က ကချင်သတင်းဌာန KNG ကို ပြောသည်။

Storm hits Um Hta village

ထို့အပြင် Sumprabum မြို့ Mali Hka (မလိခ)မြစ်၏ အရှေ့ဘက် Salang Yang စစ်ရှောင်စခန်းတွင် နေအိမ် ၄၊ ၅လုံး ပျက်စီးသွားကြောင်း ဆရာ က ဆက်ဆိုသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၆နာရီခန့်က မိုးသီးနှင့်အတူ လေမုန်တိုင်း တိုက်ခတ်ခြင်းဖြစ်ပြီး ပျက်စီးမှု သတင်းအသေးစိတ်ကို မသိရသေးပါ။

အဆိုပါ လေဘေးသင့် ကျေးရွာများသို့ စက်လှေ တစ်ခုတည်းဖြင့်သာ သွားလာမှုပြုနိုင်ပြီး မြစ်ကြီးနားမှ ဧရာဝတီမြစ်အဆန် ၃ရက်နှင့် အပြန် ၁ရက် သွားရသော ခရီးဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...