ဆရာဝန်နှင့် ဆေးဝါး မလုံလောက်သောကြောင့် ချီဖွေ စစ်ရှောင်များ သေဆုံး

ဆရာဝန်နှင့် ဆေးဝါး မလုံလောက်သောကြောင့် ချီဖွေ စစ်ရှောင်များ သေဆုံး

ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေမြို့နယ် စစ်ရှောင်စခန်း ၂ခုတွင် ဆရာဝန်နှင့် ဆေးဝါး လုံလောက်မှု မရှိခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသောကြောင့် စစ်ရှောင်များ မသေသင့်ပဲ သေဆုံးမှုများရှိနေရပါသည်။

ချီဖွေမြို့နယ် အစိုးရဆေးရုံကြီးတွင် ဆရာဝန်နည်းပါးသည်သာမက ဆေးဝါးမလုံလောက်သောကြောင့် မတ်လ ၁၃ရက်နေ့တွင် အသက် ၅၀ကျော်ခန့်အရွယ်ရှိ စစ်ရှောင်တစ်ဦးက အဆုတ်ရောဂါဝေဒနာကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်းကို စစ်ရှောင်စခန်း(၂)မှ တာဝန်ခံ Zumzang Htaw Hkawng ကပြောဆိုသည်။

“ကျနော်တို့မှာ မြို့နယ်ဆရာဝန်က တစ်ယောက်တစ်လေပဲ ရှိတယ်။ သူတို့ကိုယ်တိုင်လည်း စစ်ရှောင်စခန်းအထိ လာမကြည့်ပေးနိုင်ဘူး။ အရေးတကြီးဖျားလာရင် မြို့နယ်ကျန်းမာရေးဆေးရုံကို သွားပြတယ်။ အဲ့မှာလည်း ဆေးဝါးတွေ မစုံဘူး။ ဆေးရုံမှာလည်း ဓါတ်မှန်ရိုက်တဲ့ ကရိယာ မရှိဘူး။ မနေ့ကတောင်မှ စစ်ရှောင်လူနာတစ်ယောက်က အသည်းအသန်ဖျားလို့ မြစ်ကြီးနားဆေးရုံမှာ သွားဆုံးတယ်” ဟု ပြောဆိုသည်။

ချီဖွေမြို့ရှိ အမှတ်(၁)စစ်ရှောင်စခန်းနှင့် အမှတ်(၂)စစ်ရှောင်စခန်း နှစ်ခုမှာ လာရောက်ထောက်ပံ့သော လူမှုကူညီရေးအဖွဲ့များလည်း အလွန်နည်းပါးနေကြောင်း ကိုလည်း ဆက်လက်ပြောဆိုသည်။

အဆိုပါစစ်ရှောင်များက ၎င်းနေရာတွင် ထွက်ပြေး တိမ်းရှောင်နေခဲ့သည်မှာ ၇နှစ် ရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့သည် ချီဖွေမြို့နယ်အနီးတဝိုက်ကျေးရွာ (၁၇)ခုမှ ဒေသခံများဖြစ်ကြသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...