KIA နှင့် မြန်မာအစိုးရတပ် ကွတ်ခိုင်မြို့နယ် နောင်ချိုတောင်ခြေတွင် တိုက်ပွဲ ပြင်းထန်

KIA နှင့် မြန်မာအစိုးရတပ် ကွတ်ခိုင်မြို့နယ် နောင်ချိုတောင်ခြေတွင် တိုက်ပွဲ ပြင်းထန်

ယနေ့ နံနက်ပိုင်းမှ ယခုမွန်းလွဲပိုင်းထိ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နောင်ချိုတောင်ခြေတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) နှင့် မြန်မာအစိုးရတပ် တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉) ဌာနချုပ်ရှိရာ နောင်ချိုတောင်ခြေ Dan ကျေးရွာအနီး သို့ Daknai ကျေးရွာဘက်က တက်လာသော အင်အား ၂၀၀ ခန့် အစိုးရစစ်ကြောင်း စတင် ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်လာခြင်း ဖြစ်သည်။

“မနက် ၉နာရီကနေ တကြိမ် စဖြစ်ကာ ၁၀နာရီကျော်မှာ ရပ်သွားပြီးတော့ သူတို့ဘက်က ပြန်စပစ် တော့ ပြန်ဖြစ်တယ်။ အခုတော့ ကျနော်တို့ တပ်တွေ စောင့်ကြိုနေတဲ့ နေရာဆီကို သူတို့ဝင်လာလို့ သုံးကြိမ်မြောက်အနေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်” ဟု နာမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိတဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်း မသိရသေးပါ။

တနင်္လာနေ့ကလည်း ကွတ်ခိုင်မြို့နယ် နှင့် လားရှိုးမြို့နယ် နယ်စပ် KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈) နယ်မြေ Na Hkyem နှင့် Ka Leng ကြား အစိုးရတပ် ခလရ (၄၅) နှင့် တပ်မ (၉၉) ပူးပေါင်းတပ်နှင့် အနည်းဆုံး (၄)ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေး တပ်ပေါင်းစုမှ KIA တပ်စခန်းများကို ယခုလ လဆန်းပိုင်းမှ အစိုးရတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာသောကြောင့် နှစ်ဖက်ပွဲများ မကြာခဏ ဖြစ်ပွားလာည်။

မြန်မာစစ်တပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် (၄)လသာ ကာလ ထိုးစစ်ရပ်ကြောင်း ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင်မူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...