ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွားခဲ့

ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွားခဲ့

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ဗုဒ္ဓဟူးနေ့က အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA အတည်ပြပါသည်။

ကုတ်ခိုင်မြို့နယ် KIA တပ်မဟာ (၄)၊ တပ်ရင်း (၈)တပ်ဖွဲ့များရှိရာ Na Hkyem ဘက်ကို မတ်လ ၆ရက်နေ့ နေ့လည်ပိုင်း အစိုးရတပ် စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ဆင်ဝင်ရောက်လာစဉ် KIA ကခုခံ ပစ်ခတ်ရာမှ တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့သည်ဟု လိုင်ဇာမြို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး Nhpang Naw Bu ပြောပါသည်။

မြန်မာစစ်တပ်ဘက် ကွတ်ခိုင် နယ်မြေခံ ခလရ (၄၅) နှင့် တပ်မ (၉၉) ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ကြောင်း KIA တပ်မဟာ (၄) သတင်းရပ်ကွက်မှ သိရသည်။

တပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့ရှိ စစ်တိုင်း (၅)တိုင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁) န့မှစကာ (၄)လသာ ထိုးစစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA တပ်ဖွဲ့ နှင့် တအောန်း (ပလောင်) TNLA တပ်ဖွဲ့အပြင် ယခု KIA နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင်မူ အစိုးရတပ် တပ်အပြောင်းအလဲနှင့် စစ်အင်အားဖြည့်တင်းမှုများ ရှိနေသော်လည်း တပ်မတော် ထိုးစစ်ရပ်ထားချိန်မှ ယခုချိန်ထိ KIA နှစ် တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ဗိုလ်မှူးကြီး Naw Bu ဆိုသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...